အောက်လုံးထိုး၍ နေရာပျောက်စေခြင်း

Views


တပ်မတော်လေ့ကျင့်ရေးကျောင်းတွေမှာ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူတွေက အတွေ့ အကြုံရှိတဲ့သူတွေဖြစ်သလို “ဇ” လည်းပြင်းတဲ့သူတွေဖြစ်တယ်။

-

ဒီလိုအခြေနေတွေကို ကောင်းကောင်းသိတဲ့ အကြမ်းဖက်သမားတွေက ယခုရက်ပိုင်းအတွင်း တပ်မတော် လေ့ကျင့်ရေးကျောင်းအုပ်ကြီးတွေကို ပစ်မှတ်ထားပြီး အပုတ်ချတိုက်ခိုက်နေတာရှိပါတယ်။

-

ပြီးခဲ့တဲ့ တစ်ပတ်ကဆိုရင် တပ်မတော်ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးကို သတင်းအမှား တွေနဲ့ အပုတ်ချတိုက်ခိုက်ခဲ့သလို မနေ့ကိုဆိုရင်းလည်း သံတောင်ကြီးမြို့မှာရှိတဲ့ တိုက်ခိုက်ရေး ကျောင်း(ဘုရင့်နောင်) ကျောင်းအုပ်ကြီးကို မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတယ်ဆိုပြီး အောက်တန်းကျကျ သတင်းအမှားတွေနဲ့ အပုတ်ချတိုက်ခိုက်တာကိုတွေ့ရပါတယ်။

-

တပ်မတော်မှာ မူးယစ်ဆေးဝါးမပြောနဲ့ ဆေးလိပ်/အရက်/ကွမ်းတောင် သုံးစွဲလို့မရဘူး။ မူးယစ်ဆေးဝါးဆိုရင် ပိုတောင်ဆိုးသေးတယ်။ မူးယစ်ဆေးသုံးမယ်/ ရောင်းမယ်ဆိုရင်လည်း တပ်မတော်အနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုချပြီး အရေးယူမယ်လို့ အမိန့်တောင်ထုတ်ထားပါတယ်။

-

နောက်တစ်ချက်အနေနဲ့ သံတောင်ကြီးနယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးတွေကို အဓိကဖြန့်ဖြူး ရောင်းဝယ်နေတာက KNU တမဟ(၂)အဖွဲ့က လုပ်နေတာ။ KNU အဖွဲ့ရဲ့လုပ်ရပ်ကို သိနေတဲ့အတွက် တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီးက ဖမ်းဆီးတာတွေလုပ်တဲ့အပြင် သံတောင်ကြီးနယ်မြေမှာ မူးယစ်ဆေးကင်းစင်ဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတာရှိပါတယ်။

-

ယခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးလိုက်တာဟာ အကြမ်းဖက်အဖွဲ့ရဲ့ ဝင်ငွေရလမ်းပိတ်သွားပြီး ကျောင်းအုပ်ကြီးကပဲ မူးယစ်ဆေးဝါး လုပ်နေသလိုလိုပုံစံဖန်တီးကာ အပုတ်ချတိုက်ခိုက်ခြင်းဖြစ်တယ်။

-

ဒါ့အပြင် သံတောင်ကျောင်းအုပ်ကြီးဟာ သပိတ်ကျင်းဘက်မှာ တာဝန်ထမ်းဆောင်စဉ်ကလည်း အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့နေရာမှာ တိုက်ရည်ခိုက်ရည်ကောင်းပြီး လက်သံပြောင်တဲ့အတွက် အကြမ်းဖက်သမားတွေက ကြောက်လန့်ခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။

-

ဒါ့ကြောင့် အကြမ်းဖက်သမားတွေဟာ သူတို့ကို တကယ်ဗြင်းတဲ့သူဆိုရင် ကြောက်လန့်နေကြတဲ့အတွက် အပုတ်ချသတင်းတွေနဲ့ တိုက်ခိုက်တာဟာ အမြဲတမ်းလိုလိုဖြစ်နေတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့ကြောက်လန့်တုန်လှုပ်ရတဲ့ သူဆိုရင် ဒီနယ်မှာ မရှိစေချင်တာပါပဲ။

-

ဒီလိုအခြေအမြစ်မရှိတဲ့ အောက်လုံးထိုးအပုတ်ချသတင်းတွေကို ယုံတယ်ဆိုနေရင်တော့ ဆေးစစ်ဖို့တော့ လိုကြောင်း အကြံပြုပါရစေ။



မှိုင်းဝေ

Post a Comment

Previous Post Next Post