အကြမ်းဖက်အားပေး ထောက်ပို့လုပ်သူများ အဖမ်းခံရ

Views


နေပြည်တော်၊ မေ ၅

လာအိုရောက် တော်လှန်ရေးထောက်ပို့အဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

-

မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်၊ ရွှေတြိဂံဒေသ၊ လာအိုဘက်ခြမ်း တုံဖုံမြို့နယ်တွင်၊ သင်္ကြန်အကြိုနေ့က တော်လှန်ရေးအတွက်ရံပုံငွေကောက်ခံခြင်းဟုဆိုကာ စီတန်းလှည့်လည် ကြွေးကြော် ခဲ့သည့် မြန်မာ ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီး မြန်မာဘက်ခြမ်း လွှဲပြောင်းခဲ့ကြောင်း သိရသည်။

-

၎င်းတို့ကို ဧပြီလ ၁၃ ရက်က ဖမ်းဆီးခဲ့ပြီးနောက် မေလ ၃ ရက်တွင် မြန်မာဘက်ကို ပြန်ပို့ခံခဲ့ရခြင်းဖြစ်ပြီး အဖမ်းခံရသူများမှာ ဒေါင်းညီနောင်နှင့် သွေးသောက်ညီနောင်ဟု အမည်ပေးထားသည့် ထောက်ပို့အဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

-

၎င်းတို့ကို လာအိုလှေဆိပ်တွင် မြန်မာအာဏာပိုင်များ ဖမ်းဆီးခံရသူများကို လာရောက်ခေါ်ဆောင်ခဲ့ပြီး တာချီလိတ်၊ ဝမ်ပုံစက်လှေဆိပ်ကတဆင့် ကျိုင်းတုံကိုခေါ်ဆောင်သွားကြောင်း သိရသည်။



Post a Comment

Previous Post Next Post