နူ ဓာတ်အားပေးစက်ရုံ မြင်ရတော့မည်

Views


မြန်မာနိုင်ငံမှာ အငယ်စား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းဆောင် ရွက်ရေး အခြေခံမူဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ရုရှားဖက်ဒရေးရှင်းအစိုးရက အတည်ပြုပေးလိုက် ပြီလို့ သိရပါတယ်။

-

အဆိုပါသဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရက ၂၀၂၄ခုနှစ် မေလ ၂၃ရက်နေ့တွင် အမိန့်အမှတ် 1225-r ဖြင့် အတည်ပြုလိုက်တာဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ မီဒီယာများက သတင်း ရေးသားဖော်ပြကြပါတယ်။

-

“ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက် နေ့စွဲပါ အစိုးရအမိန့်အမှတ် 1255-R အရ မြန်မာနိုင်ငံတွင် water reactor ကို အခြေခံ၍ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန်ပံ့ပိုးပေးသည့် Rosatom နိုင်ငံပိုင်ကော်ပိုရေး ရှင်း မှတစ်ဆင့် စာရွက်စာတမ်းတစ်ခု လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ပါသည်” လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံရဲ့ကုန်သွယ်ရေးကိုယ်စားလှယ် တယ်လီဂရမ်စာမျက်နှာမှာလည်း အဆိုပါသတင်းကို ဖော်ပြထား ပါတယ်။

-

အဆိုပါသဘောတူညီချက်မူကြမ်းကို Rosatom ကော်ပိုရေးရှင်းက တင်ပြခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အခြားသောဖက်ဒရယ်အဆင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက သဘောတူခဲ့ကြ တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီစီမံကိန်းကို မြန်မာဘက်က တွက်ချက်မှုတွေ‌ ဆောင် ရွက်ပြီးစီးပြီဖြစ်တယ်လို့ဆိုပါတယ်။

-

မူကြမ်းမှာ မြန်မာနိုင်ငံ၌ ရုရှားရဲ့ ဖိအားသိပ်ရေဓာတ်ပေါင်းဖို pressurized water reactors တွေအပေါ် အခြေခံပြီး အနည်းဆုံး ၁၁၀ မဂ္ဂါဝပ်ထွက်ရှိမယ့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်မှာ ဖြစ်ပါတယ်။

-

မူကြမ်းရဲ့အခန်း(၂)မှာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေကိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်းတာတွက်ချက်မှု engineering surveys ၊ ပတ်ဝန်းကျင်အကျိုးသက် ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု EIA၊ နျူကလီးယားဓာတ်အားပေးက်ရုံ ဒီဇိုင်းနှင့်ဆောက်လုပ်ရေး၊ စက်ကိရိယာများနှင့်ပစ္စည်းများ ထောက်ပံ့ခြင်း၊ လောင်စာဆီထောက်ပံ့ခြင်း၊ စက်တပ်ဆင်ခြင်းနှင့် လုပ်ငန်း အပ်နှံခြင်း၊ အာမခံဝန်ဆောင်မှု၊အသုံးပြုလောင်စာဆီစီမံခန့်ခွဲမှု၊ လေ့ကျင့်သင်တန်းများနှင့် အခြားသော နယ်ပယ်တွေပါဝင်တယ်လို့ အဆိုပါသတင်းမှာရေးသားထားပါတယ်။

-

ရုရှားဘက်မှာ Rosatom နှင့် RTN တို့ပါဝင်ပြီး မြန်မာဘက်အခြမ်းမှာ အမျိုးသား နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရေးကော်မတီနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပါဝင်တယ်လို့လည်းသိရပါတယ်။

-

ရုရှားနိုင်ငံမှာတည်ဆောက်သကဲ့သို့ ရုရှားမှာကျင့်သုံးနေတဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေနှင့်အညီ စီမံကိန်းကိုအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။

-

ရုပ်ဝတ္ထုဆိုင်ရာ အကာအကွယ်ပေးရေးစနစ်ကိုတော့ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီရဲ့ စာရွက် စာတမ်းတွေထဲမှာ‌ ထောက်ခံထားပြီးဖြစ်တဲ့ ဒီဇိုင်းတွေအတိုင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Source: Atomic Energy မီဒီယာ

Photo: Rosatomက ပြသထားသည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံပုံစံငယ်

Post a Comment

Previous Post Next Post