အောက်လမ်းအစီအမံ၊ စည်တော်ကြီးရဲ့သက်ရောက်မှု

Views


အောက်လမ်းနည်းနဲ့လုပ်ထားလို့ အင်ဒိုစုံတွဲခွာမရဘဲ နောက်ဆုံးမှာ သေဆုံးခဲ့ရတဲ့ ဗွီဒီယိုရုပ်သံ အခုတလောခေတ်စားနေပါတယ်။

-

မယုံကြည်လို့မရတဲ့ အောက်လမ်းနည်းတွေဟာ တကယ်ရှိပြီး လုပ်သူတွေရဲ့ ရက်စက်မှု၊ ခံရသူတွေရဲ့ နာကြင်မှု၊ မြင်ရသူတွေရဲ့ စိတ်နှလုံးမချမ်းမြေ့မှုတွေကို အင်ဒိုဖြစ်စဉ်မှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

-

အလားတူပဲ မြန်မာနိုင်ငံမှာလည်း အလွန်နာမည်ကြီးခဲ့တဲ့ အောက်လမ်းအစီအမံနဲ့ စီမံထားတဲ့ စစ်ကိုင်းစည်တော်ကြီးကြောင့် စစ်ကိုင်းတိုင်းအတွင်း tway..ချောင်းစီး -တ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာဖြစ်ပါတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။

-

စစ်ကိုင်းတိုင်းအတွင်း ပြည်သူတွေစည်းလုံးညီညွတ်မှုပျက်ပြီး တစ်ရွာနဲ့တစ်ရွာ၊ တစ်မိသားစုနဲ့ တစ်မိသားစု၊ မိသားစုအချင်းချင်းဘာရန်ညိုးမှ မရှိဘဲ အပြန်အလှန်-တ်ဖြတ်မှုတွေဟာ မယုံကြည်လို့မရတဲ့…… တိုက်ဆိုင်မှုမဟုတ်တဲ့….. အင်းတွေနဲ့ စီမံထားတဲ့ စစ်ကိုင်းစည်တော်ကြီးကြောင့်လို့ ယုံကြည်သူတွေ အများအပြားရှိနေပါတယ်။

-

ဒီစည်တော်ကြီးကို အောက်လမ်းနည်း အင်းများနဲ့ စီမံခဲ့တဲ့ သူတွေရဲ့ ရည်ရွယ်ချက်က စစ်တပ်ကို နာကျည်းမုန်းတီးလို့ လုပ်ခဲ့ပေမယ့် မမြင်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အစွမ်းသတ္တိတွေဟာ အပြစ်မဲ့ပြည်သူတွေကို သက်ရောက်လျက်ရှိပါတယ်။

-

အင်ဒိုစုံတွဲကိစ္စမှာ ဖောက်ပြန်ခံရတဲ့ ယောက်ျားက သူ့မိန်းမဖောက်ပြန်ခဲ့တဲ့အတွက် -တ်ချင်လို့ အောက်လမ်းဆရာကို ခိုင်းပေမယ့် မမြင်ရတဲ့ပုဂ္ဂိုလ်တွေကို မထိန်းချုပ်နိုင်တော့ ပြန်ဖြေလို့မရတော့ဘဲ သူ့မိန်းမ‌ေ-ဆုံးသွားတာက ကမ္ဘာကျော်ခဲ့သလို သူမိသားစုဘဝလည်း လုံးဝပျက်စီးသွားခဲ့ရပါတယ်။

-

စစ်ကိုင်းစည်တော်ကြီးကလည်း အလားတူပါပဲ....

-

ရေးထိုးထားတဲ့ အောက်လမ်းအင်းတွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ ဖယ်ရှားဖို့လုပ်နေရင်းနဲ့ပဲ စစ်ကိုင်းတိုင်းဟာ ကြေမွပျက်စီးနေပြီဖြစ်ပါတယ်။

-

လုပ်တဲ့သူရဲ့အပြစ်လား၊ လုပ်ခံရသူရဲ့ အပြစ်လားဆိုတာ ဝေခွဲမရတော့ပါဘူး။

Post a Comment

Previous Post Next Post