စိတ်မကောင်းစရာပါ

Views


တရုတ်မှာအရမ်းနာမည်ကြီးနေတဲ့ "ကောင်မလေးက လမ်းခွဲလို့ suicide လုပ်သွားတဲ့ 21 နှစ်ကောင်လေး" အကြောင်းပေါ့။

-

ကောင်မလေးက အသက် 27၊ ကောင်လေးကအသက် 21 ပဲရှိသေးတယ်။ လိုင်းပေါ်ကနေချစ်ကြိုက်ပြီး ချစ်သူသက်တမ်း ၂ နှစ်ကို အပြင်မှာ ၂ ခါပဲမြင်ဖူးတယ်။ ကောင်လေးကဈေးပေါတဲ့ အခန်းလေးငှား နေပြီးတော့ သူများကိုဂိမ်းကူတိုက်ပေးတာ တစ်ပွဲကို တရုတ်ယွမ် 20 ယွမ်နဲ့ Deli လည်းလုပ်တယ်။ 2 နှစ် လောက်ကြိုးစားပမ်းစား ဘာမှမစားရက်မသုံးရက် ချွေတာပြီးတော့ သူ့ကောင်မလေးကိုအကုန်ပေးတာ။ ၂ နှစ်အတွင်း ကောင်မလေးကို ယွမ်သိန်း ၅၀ ကျော် အခုငွေစျေးနဲ့ဆို (မြန်မာငွေ သိန်း 2250) ကျော် ပေးခဲ့တယ်၊ ပန်းဆိုင်လဲဖွင့်ပေးထားတယ်။

-

ကောင်မလေးကိုမပေးနိုင်မှာဆိုးလို့ အစားအသောက်တောင် လုံးဝချွေတာပြီးစားတာ။ သူတို့က တစ်မြို့စီနေကြတာ။ အဲဒါနဲ့ ကောင်လေးက ကောင်မလေးရှိတဲ့မြို့ကို လိုက်သွားတာ။ ကောင်မလေးနဲ့ ပိုအနေနီးအောင်၊ ဒါပေမယ့် ကောင်မလေးကအကြောင်းအမျိုးမျိုးရှာပြီး ကောင်လေးကိုရှောင်တယ်။ ကောင်လေးကို အဆောင်မှာပဲငှားနေခိုင်းတာ။ သူတို့ချစ်သူတွေဖြစ်တာ 2 နှစ်။ ကောင်လေးက ကောင်မလေးရှိတဲ့မြို့ကို လိုက်သွားတာလဲ နှစ်ခါပဲ။ အပြင်မှာတွေ့ခွင့်ရလိုက်တယ်(သူမဆုံးခင်ထိ)၊ အဲ့ဒါနဲ့ တွဲတာ 2 နှစ်ကျော်လာပြီး ယူဖို့ဘာညာပြောတဲ့ချိန်ကြ ကောင်မလေးက ကောင်လေးကိုငြင်းလိုက်တယ်။

-

အဲ့မှာကောင်လေးက ဘယ်လောက်ထိတောင်ချစ်လဲဆို နောက်ဆုံးသူမသေခင်အချိန်ထိ သူ့ bank အကောင့်ထဲကျန်တဲ့ ပိုက်ဆံအကုန်ကောင်မလေးကိုလွှဲပေးသွားသေးတယ်။

-

အစားဆိုလည်း သူကောင်းကောင်းမစားရဘူးတဲ့။ ကောင်မလေးကို လက်ထပ်ခွင့်တောင်းချင်လို့ စုနေခဲ့တာတဲ့၊ သူ MCDONALD'S တောင်၀ယ်မစားခဲ့ဖူးဘူးတဲ့။ မသေခင်ရေးခဲ့တဲ့စာလေးကလည်း "ငါလည်းအစားကောင်းကောင်းလေးစားချင်တယ်တဲ့" အဲ့တာကြောင့် သူsuicide ခဲ့နေရာလေးမှာ စားစရာ လေးတွေ လာထားပေးကြတာ စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေက သိပ်ကိုလှပပြီး အမြင့်ကို တွန်းတင်ပေး နိုင်သလို အောက်ထိလည်းဆွဲချသွားနိုင်တယ်၊ ကိုယ်ပေးသလိုပြန်မရတဲ့အခါမှာ ချစ်လွန်းအားကြီးတဲ့ စိတ်ကပဲ ကိုယ့်ကိုပြန်သ၊တ်တယ်။ ဘယ်လောက်တောင်အရုပ်ကြိုးပျက်ဖြစ်ပြီး နင့်နေအောင် ခံစားရမလဲကွယ် wrong person wrong time။

-

အချစ်စစ်နဲ့မတန်တဲ့လူတွေဆိုတာ တကယ့်ကိုရှိတယ်။ ချစ်လွန်းလို့ မယူရသေးတာတောင် မစားရက် မသောက်ရက်နဲ့ လက်ထပ်ဖို့ စုနေတဲ့ကောင်လေးမျိုး အသက်ပေးပြီးချစ်တဲ့ကောင်လေးမျိုး ထပ်ရဖို့ဆိုတာ မလွယ်ဘူးကောင်မလေးရေ။

-

ရက်စက်လိုက်တာ တကယ်မချစ်ရင်.. မယူချင်ရင် အစထဲကဖြတ်ခဲ့သင့်ပါတယ်။

rest in heaven beautiful soul 🙏🕊

Post a Comment

Previous Post Next Post