တရုတ်နှင့် မြန်မာ မဟာဗျူဟာအားပြိုင်ပွဲ

Views


တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ နစက အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တို့ရဲ့ ၅ ကြိမ်မြောက် ကူးမင်း ဟေဂင်ဆွေးနွေးပွဲတော့စတင်နေပါပြီ။ ဒီတခေါက်မှာ နစကအစိုးဘက်က ဦးဆောင်သူ အပြောင်းအလဲရှိခဲ့တယ်လို့ သိရပါတယ်။

-

ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေတုန်းက မြောက်ပိုင်းအဖွဲ့တွေက သူတို့ရဲ့တောင်းဆိုချက်တွေကို အလျော့ပေးခဲ့တာ မရှိခဲ့လို့ ဆွေးနွေးပွဲတွေဟာ သဘောတူညီချက် အတိအကျမရပဲ ဖြစ်ခဲ့တယ်။

-

အခုဆွေးနွေးပွဲမှာလည်း မြောက်ပိုင်းအဖွဲ့တွေက အလျော့ပေးမယ့်ပုံစံမရှိဘဲ နစက ဘက်က အလျော့ပေး မှသာ ဖြစ်မယ်ဆိုတဲ့ အသံတွေထွက်နေတာကို သတိထားမိတယ် ။

-

လူတွေကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နစက က တရုတ် နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ တောင်းဆိုချက် တွေကို လိုက်လျောလေမလား၊ အလျော့ပေးလေမလားဆိုပြီး စိုးရိမ်ကြတယ် ။

-

နိုင်ငံရေး ၊ စစ်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါ မျက်စိရှေ့မှာမြင်ရတဲ့ ပြကွက် တစ်ကွက်တည်းကို ကြည့်ရုံနဲ့ မရပါဘူး ။ အနည်းဆုံး လေး၊ ငါးကွက်မက ဆက်စပ်ကြည့်နိုင်ရပါမယ် ။

-

ဒီဆွေးနွေးပွဲမလုပ်ခင်အချိန်လေးမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ရှမ်းအရှေ့ ကျိုင်းတုံကိုသွားပြီး ကုန်သွယ်ရေး ကားလမ်း အဆင့်မြင့်တင်တာတွေ၊ လေဆိပ်အဆင့်မြင့်တင်တာတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှု " ပြ " ခဲ့ပါတယ်။

-

အဲ့ဒီလိုသွားရောက်ပြီးတာနဲ့ ချက်ချင်းဆိုသလို ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၉ ခု နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွေကို နယ်စပ်ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန် တို့နဲ့ တွေ့ဆုံခဲ့မှုကို တရားဝင်သတင်းထုတ်ပြန် " ပြ " ခဲ့တယ်။

-

ပြီးခဲ့တဲ့လတွေတုန်းက မြန်မာနိုင်ငံ ရန်ကုန် ကနေ ထိုင်းနိုင်ငံ ရနောင်းကို ကုန်သွယ်ရေလမ်းကြောင်းအသစ် ဆောင်ရွက်မယ့် ကြေငြာချက်ကိုလည်းထုတ်ပြန်ခဲ့တယ်။

-

ရှမ်းအရှေ့_ကျိုင်းတုံ_တာချီလိတ်_ကနေ ချင်းမိုင်ကတဆင့်_လာအို_အဲ့ကနေ_လာအို- တရုတ်_ ရထား လမ်းနဲ့_ ချိတ်ဆက်နိုင်ပါတယ်။ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းဟာ အာရှလမ်းမကြီး အမှတ် ၂ ( AH2 ) ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းဟာ မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာ_ကနေ ထိုင်းနိုင်ငံ_ချင်းမိုင်_ကတဆင့်_လာအို_အထိ တိုက်ရိုက်ပေါက်သွားမှာ ဖြစ်တဲ့အပြင် တရုတ်ပြည်ထဲကိုပါ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

-

မြန်မာပြည် အောက်ပိုင်းနဲ့ အလယ်ပိုင်းက ပို့ကုန်သွင်းကုန် ကုန်စည်များဟာ မန္တလေးအထိ တက်စရာမလိုတော့ဘဲ ဒီလမ်းမကြီးကတဆင့် ထိုင်း_လာအို_တရုတ်အထိ ကုန်သွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

-

အထက်ပိုင်းမှာ မိတ္ထီလာ_ကတဆင့်_ရှမ်းရှေ့က ဖြတ်ထွက်လိုက်သလို အောက်ပိုင်းမှာလည်း မြဝတီ_ မဲဆောက် အာရှလမ်းအစား ရန်ကုန်-ရနောင်း ရေကြောင်းလမ်းကို ပြောင်းလဲသုံးဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ် ။

-

ဒီရေလမ်းကြောင်း လုံခြုံရေးအတွက်လည်း ၁၆ ကြိမ်မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ရေတပ် ပူးပေါင်း ကင်းလှည့်ခြင်းကို အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုမှာ အခုလဆန်းကပြုလုပ်ခဲ့ပါတယ်၊ လူတွေ သတိမပြု မိကြတာပါ ။

-

ပြီးခဲ့တဲ့ ကူးမင်း ဆွေးနွေးပွဲတွေတုန်းက နယ်စပ်ကုန်သွယ်ရေး အကျိုးအမြတ်ကို မြောက်ပိုင်းအဖွဲ့တွေနဲ့ နစက အစိုးရနဲ့ခွဲဝေယူကြဖို့ တရုတ်က ဝင်ညှိခဲ့တယ်ဆိုတဲ့သတင်းတွေ တက်လာခဲ့သေးတယ်။

-

၁၀၂၇ အရေးအခင်းနဲ့ပတ်သက်ပြီး မြန်မာတွေသဘောပေါက် နားလည်ထားတာဟာ တရုတ်နိုင်ငံက သူ ခိုင်းလို့၊ စေလို့ ရနိုင်မယ့် သူ့လက်ပါးစေတွေကို သူ့ ရဲ့ ကုန်သွယ်မှုလမ်းကြောင်းပေါ် နေရာယူစေပြီး ရှမ်း​ကနေ ရခိုင်အထိ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်ကို သူ့လက် သူ့ခြေနဲ့ ဆောင်ရွက်တော့မယ့် အစီအစဉ်လို့သာနားလည်ထားကြပါတယ်။

-

အဲ့အတွက် ဒီအဖွဲ့တွေ ရေရှည်တည်တံ့နိုင်ဖို့ရာ အကျိုးအမြတ် ရရှိနေဖို့ မဖြစ်မနေ လိုပါတယ်။ တရုတ် ကတော့ ဒီအဖွဲ့တွေကို တသက်လုံးတင်ကျွေးထားလိမ့်မှာတော့ မဟုတ်ပါဘူး။ ဒီအတွက် နယ်စပ် ကုန်သွယ်ရေး အကျိုးအမြတ် ခွဲဝေမှုကို ဝင်ညှိတယ်လို့ သတင်းထွက်တာပါ။

-

ရှမ်းမြောက်ဟာ နယ်စပ်ကုန်သွယ်ရေးကြောင့် စည်ကားနေတဲ့ ဒေသဖြစ်ပါတယ်၊ ဒါသာမရှိရင် ဘာစီးပွားရေး ဘာထုတ်ကုန်မှ မယ်မယ်ရရမရှိတဲ့ ရှမ်းမြောက်ဒေသဟာ စည်ကားဖို့ မဖြစ်နိုင်ပါဘူး။

-

ဒေသတစ်ခုမှာ နယ်မြေသိမ်းရတာ လွယ်ပါတယ်။ သိမ်းရတာထက် ​ထိန်းရတာ ပိုခက်ပါတယ်။ နယ်မြေထိန်း ရတာထက် နယ်မြေကို ဖွံ့ဖြိုးအောင်လုပ်ရတာ ပိုခက်ခဲပါတဲ့အပြင် မြေပြန့်ဒေသထက် တောင်ပေါ်ဒေသကို ဖွံ့ဖြိုးအောင် လုပ်ရတာပိုပြီး အရမ်းခက်ခဲတယ်ဆိုတာ တရုတ်တွေကောင်းကောင်း သဘောပေါက်ပါတယ်။

-

အရပ်စကားနဲ့ပြောရရင် တရုတ်က နစက ကို နယ်စပ်ကုန်သွယ်ရေးနဲ့ အညှာကိုင်ချင်တဲ့ ကစားကွက်ကို နစက က ရှမ်းမြောက်_မူဆယ်ကနေ ထွက်မရရင် ရှမ်းအရှေ့ တာချီလိတ်_ချင်းမိုင်က ဖောက်ထွက် မယ်ကွာ။ ရန်ကုန်_ရနောင်းကနေ ပတ်ထွက်မယ်ကွာဆိုပြီး လုပ်ပြနေတာဖြစ်ပါတယ်။

-

နစက ဟာ မြောက်ပိုင်းအဖွဲ့တွေလောက်နဲ့ ယှဉ်နေရတာမဟုတ်ဘဲ သူတို့ရဲ့ နောက်ကွယ်က လက်မဲကြီးနဲ့ ယှဉ်ပြိုင်နေရတာပါလို့ မနှစ်ကတည်းက မကြာမကြာ ကျနော် ပြောခဲ့ဖူးပါတယ်။ အခု​ထိ ပြောနေတာ တွေသည် ၂နိုင်ငံကြားက မဟာဗျူဟာ ကစားကွက်တွေ ဖြစ်ပါတယ်။

-

တခါ စစ်ရေးအရ ကြည့်တဲ့အခါ ရှမ်းဘက်မှာ တပ်က ဆုတ်ပေးတယ်၊ ကချင်မှာ ဆုတ်ပေးတယ်၊ ချင်းမှာ ဆုတ်ပေးတယ်၊ ရခိုင်မှာ ဆုတ်ပေးတယ်၊ ရှမ်း ကနေ ရခိုင် အထိ မြန်မာပြည် အပေါ်ပိုင်း တခြမ်းလုံးမှာ တပ်က ဆုတ်ပေးတာ များပေမယ့် ရှမ်းရှေ့ကုန်သွယ်လမ်းကြောင်းရဲ့ အရေးပါတဲ့ ဆီဆိုင်ကို ထိတော့ ခပ်ကြမ်းကြမ်းတုံ့ပြန်တယ်၊ မွန်မှာ လုံးဝ စစ်မီးအတောက်မခံဘူး၊ ဓမ္မသရွာမှာ စဖြစ်တာနဲ့ ချက်ချင်း ကြမ်းကြမ်းဆော်တယ်၊ ကရင်ဘက်မှာ မြဝတီလို နေရာမျိုး လာထိတော့ သူမတူအောင် ဆော်ပစ်တယ်၊ ဆိုလိုချင်တာက တပ်ဟာ နေရာတိုင်း ဆုတ်ပေးနေတာ မဟုတ်ဘဲ သူ့ရဲ့မဟာဗျူဟာကစားကွက်အတိုင်းသာ အပြင်း အပျော့ အတိုး အလျော့ လုပ်နေတာသာဖြစ်ပါတယ်။

-

တပ်က ဆုတ်ပေးတဲ့နေရာတွေမှာ လက်ရှိမှာတင် အဲ့က အဖွဲ့ပေါင်းစုံက နယ်လုနေကြရပြီ၊ အဖွဲ့ပေါင်းစုံက ဆက်ကြေးပေါင်းစုံကောက်လို့ ဒေသခံတွေလည်း ပြေးကြပြီး အဲ့ဒေသတွေမှာ ဘာစီးပွားရေး၊ ဘာဖွံ့ဖြိုးရေးမှ မလုပ်နိုင်ဘူး၊ နဂိုက အဲ့ဒေသတွေမှာ စစ်တပ်ဆိုတဲ့ ရန်သူက ထီးထီးကြီးရှိနေတော့ အဲ့အဖွဲ့တွေအတွက် စစ်တပ်ကိုသာ မဲစရာ ရှိခဲ့တယ်၊ အခုချိန်မှာတော့ ဒီရန်သူတော်ကြီးက မရှိတဲ့အခြေနေမှာ အချင်းချင်းလည်း နယ်လုနေကြရတဲ့အပြင် တရားဝင် နယ်မြေရထားတာ မဟုတ်တဲ့အတွက် တပ်က ဘယ်အချိန် ပြန်လာ တိုက်မလဲဆိုတဲ့ စိုးရိမ်စိတ် သံသယတွေကလည်း ရှိနေရပြန်တယ်။

-

နောက်ပြီးတော့ ရခိုင်မှာ AA ရယ်၊ ARSA ရယ်၊ RSO ရယ်၊ ARA ရယ် ဒီအကြမ်းဖက်အဖွဲ့တွေက အချင်းချင်း ပတ်ဆော်နေကြတယ်ဆိုတော့ ရှမ်းအထိ ထိန်းချုပ်နိုင်ရင်တောင် ဆည်ပေါက်ဝ ရခိုင်မှာ စစ်မီးတောက်ပြီး မငြိမ်သက်တဲ့အတွက် ပင်လယ်ထွက်ပေါက် ဘယ်လိုမှ မရနိုင်ဘူး။

-

တွက်ရေးက စက်သူဌေးဆိုပြီး လက်ပါးစေတွေနဲ့ ကုန်သွယ်ရေးလမ်းကို ချုပ်ကိုင်ထားပြီး ရှမ်းကနေ ရခိုင်ကို ထွက်ပေါက်ယူမဟဲ့ ဆိုတဲ့လက်မဲကြီးလည်း ရခိုင်ကိုလည်း ထွက်လို့မရ၊ ကုန်သွယ်ရေးလမ်းလည်း ပျက်စီးတဲ့အပြင် သူ့လက်ပါးစေတွေကို တင်ကျွေးဖို့ အသာထား ယူနန်ပြည်နယ်အတွက် စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးအတွက်ပါ တွေးပူနေရတဲ့ အခြေအနေဖြစ်လာတယ်။

-

လက်နက်ကိုင်အဖွဲ့တွေလည်း နယ်မြေတွေတော့ရထားပါရဲ့ သို့သော် စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးအမြတ်တွေ အသာထားလို့ စားသောက်ဖို့ ရိက္ခာတောင် တိုင်ပတ်နေပြီ။

-

တရုတ်ဟာ ရခိုင်ကနေ ထွက်မရဘူးဆိုရင် ထိုင်ဝမ်ကို သွားထိလို့ မရဘူး၊ ထိုင်ဝမ်ကို သွားထိဖို့ဆိုတာဟာ သူ့ရဲ့နောက်ဖေးပေါက် လုံခြုံစိတ်ချနေမှဖြစ်မယ် ၊ ဒီအတွက်ကြောင့် ၁၀၂၇ ဆိုပြီး သူ့လက်ပါးစေတွေနဲ့ သူ့ခြေသူ့လက် သူ့နောက်ဖေးပေါက်ကို သူ့စိတ်တိုင်းကျ ထိန်းချုပ်မယ်ဆိုတဲ့ တွက်ကိန်းနဲ့ လုပ်လိုက်တာပါ။ အခုတော့ တွက်ကိန်း လွဲသွားခဲ့ပြီ။

-

ရခိုင်ကနေ စိတ်ချလက်ချ ထွက်လို့မရသေးဘဲ ထိုင်ဝမ်ကို သွားထိလိုက်ရင် နောက်ဖေးလည်း မလုံခြုံ၊ အိမ်ရှေ့ပေါက်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်ကိုလည်း ပိတ်ဆို့ခံလိုက်ရရင် အကြီးကြီး ပျားတုပ်နိုင်ပါတယ်။

-

ရခိုင်က ထွက်မရရင် ထိုင်ဝမ်လည်း ထိမရသလို တရုတ်တွေ အကြီးအကျယ်အားထည့်ထားတဲ့ BRI လည်း ပြသနာရှိပြီ၊ အဲ့အခါကျရင် CCP ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ် ၁၀၀ ရည်မှန်းချက်ဆိုတာလည်း ပီးမြောက်ဖို့ ခက်ခဲသွားပြီ။

-

မြန်မာ့အရေးဟာ အာ့လောက်ထိ ကြီးကျယ် ကျယ်ပြန့်တယ်ဆိုတာ မြန်မာတွေ သဘောပေါက်စေချင်တဲ့ အတွက်၊ ထိုးထွင်း နားလည်စေချင်တဲ့အတွက် ဒီစာစုကို ရေးသားလိုက်ရပါတယ်ခမျာ။

-

In our time , our country must be strong !!!



* ရဋ္ဌပါလ *

တိုင်းနိုင်ငံကို စောင့်ရှောက်သောသူ

Post a Comment

Previous Post Next Post