ရုရှားသမ္မတ၏ တရုတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအကြောင်းဆွေးနွေးမည်ဖြစ်

Views


တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မေလ ၁၆ ရက်နဲ့ ၁၇ ရက် တို့မှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

-

ဒီခရီးစဉ်ဟာ ရုရှားသမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက်မှာ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပါတယ်။

-

ခရီးစဉ်အတွင်း ရုရှားနဲ့ တရုတ် သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံမှုအပြင် တရုတ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရေးအတွက်သာမက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စများကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

-

အထူးသဖြင့် သူတို့နှစ်နိုင်ငံရဲ့ဘုံအကျိုးစီးပွားအတွက် ဒေသတွင်းနိုင်ငံများရဲ့ တည်ငြိမ်အေးချမ်းရေး၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကိုလည်းဆွေးနွေးသွားမယ်လို့ ကရင်မလင်က မေ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

-

ခေါင်းဆောင်နှစ်ဦးရဲ့ ဆွေးနွေးမှုထဲမှာ ၂ နိုင်ငံလုံးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှုလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ရုရှားသမ္မတရုံးထုတ်ပြန်ချက်များမှာ ဖော်ပြထားရှိပါတယ်။



#ခင်ညိုချော

Post a Comment

Previous Post Next Post