''သတင်းနဲ့ အတင်း''

Views


ဒီဂျစ်တယ်ခေတ်ဖြစ်လာတာနဲ့အညီ ဖြစ်ပျက်သမျှ အကြောင်းအရာတိုင်းက မှန်သည်ဖြစ်စေ/ မှားသည် ဖြစ်စေ ပျံ့နှံ့မှု မြန်ဆန်လာတာကိုတော့ ငြင်းဆိုဖွယ်ရာ ရှိကြမှာ မဟုတ်ပါဘူး။

-

သတင်းဆိုတာကတော့ ကျင့်ဝတ်ညီရမယ်၊ ဘက်လိုက်မှု မရှိရဘူး၊ မှန်ကန်ရမယ် စတဲ့ အချက်တွေ ပါဝင်မှာ ဖြစ်သလို အတင်းမှာတော့ ပုံဖျက်မှုတွေပါမယ်၊ ရောယှက်မှုတွေပါမယ်၊ တိုက်ခိုက်မှုတွေပါမယ်၊ အမှားတွေ ပါမယ်စတဲ့ ယေဘုယျ အချက်တွေ ပါရှိမှာ ဖြစ်ပါတယ်။

-

ပြောချင်တာကတော့ ဆိုရှယ်မီဒီယာထက်ကို သတင်းတစ်ပုဒ်တက်လာပြီဆိုတာနဲ့ သတင်းဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို လူတိုင်းမသိနိုင်ဘူးလို့ ဆိုလိုချင်တာပါ။ တချို့သတင်းတွေက အတင်းတွေဖြစ်နေပြီး Personal Attack တွေနဲ့ ပုံဖျက်ဖုံးကွယ်ပြီး လူတွေကို လှည့်စားမယ်။ ဒါကြောင့် တက်လာတဲ့ သတင်းတိုင်းက သတင်းမဖြစ်ဘူးဆိုတာကို သိဖို့လိုပါတယ်။

-

လူတစ်ယောက်ကို အသရေဖျက်ချင်ရင် သိက္ခာကျစေချင်ရင် အရမ်းကို လွယ်လွန်းတဲ့ Online ခေတ်ကြီးမှာ တက်လာတဲ့ သတင်းတိုင်းကို အမှန်လိုထင်ပြီး ယုံကြည်နေမယ်ဆိုရင်တော့ လူယုတ်မာတွေရဲ့ ဂျင်းထည့်ချင်တိုင်း ထည့်ခံရမယ် အထဲမှာ ပါနေမှာ ဖြစ်ပြီး သတင်းမှားတွေနဲ့ မိမိရဲ့ ဦးနှောက်ကို အဆိပ်ပင်ရေလောင်းသလို့ ဖြစ်နေမှာပါ။

#MinZawLwin

Post a Comment

Previous Post Next Post