ကျောင်းအပ်နှံရေး ပထမနေ့တွင် ကျောင်းအပ်နှံသူ ၁၇ သိန်း ၉ သောင်းကျော် လာရောက်အပ်နှံ

Views


၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုစတင်သည့် ပထမနေ့တွင် ကျောင်းသားကျောင်းသူ ၁၇ သိန်း ၉ သောင်း ကျော် လာရောက်အပ်နှံခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

-

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေလ(၂၃) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့ခြင်းဖြစ်သည်။

-

ယခု ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် (၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယမန်နေ့မှ စတင်ကာ ဇွန် (၂)ရက်အထိ သတ်မှတ်၍ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

-

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း ထောက်ပံ့ပေးအပ်နေကြောင်းလည်း သိရ သည်။

Post a Comment

Previous Post Next Post