ရှမ်းအရှေ့ဟာ စိတ်ဝင်စားစရာ ပိုကောင်းလာတယ်

Views


ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်(၉)ခုနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေကို နယ်စပ်ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး မြန်မာကောင်စစ်ဝန်ချုပ်နဲ့ ချင်းမိုင်ပြည်နယ် အုပ်ချုပ် ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်တို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာ တွေ့ရတယ်။

-

ဒီသတင်းဟာ နစဝ ဝန်ကြီးချုပ် ရှမ်းအရှေ့ကိုလာတဲ့ ခရီးပြီး နောက်ပိုင်း ချက်ချင်းဆောင်ရွက်ခဲ့တဲ့ အကောင်အထည်ဖော်မှုလည်း ဖြစ်ခဲ့တယ်။ သဘောက ရှမ်းမြောက်ဟာ ပြည်မက ကုန်စီဆင်းမှုရှိနေလို့သာ စည်ကားနေတယ်ဆိုတာ သက်သေပြချင်ယုံပဲ။

-

အရင်ရေးခဲ့တဲ့ ရှမ်းမြောက်နေဝင်ချိန်ဆိုတာ တဖြည်းဖြည်းအချိန်နီးကပ်လာပြီလို့ တွေးလို့ရနေပြီ ဖြစ်တယ်။ တကယ်တော့ လောက်ကိုင်ဒေသဆိုတာ တရားမဝင် လုပ်ငန်းတွေရှိနေလို့သာ လူစည်ကားတဲ့ နယ်စပ်မြို့ ဖြစ်နေရုံပါပဲ။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့ ကြံလုပ်ငန်း တစ်ခုတည်းနဲ့တော့ အချိန်တိုအတွင်း စည်ကားဖို့ဆို မဖြစ်နိုင်တော့ဘူး။ ပိုဆိုးတာက ဗမာလူမျိုးမှန်ရင် နယ်ခံက ထောက်ခံပေးသူမရှိရင် လုံးဝနေဖို့ အဆင်မပြေဘူးဆိုတဲ့အချက်ပဲ။ စစ်ဖြစ်ထားတဲ့ မြို့ဖြစ်တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးလည်း မလုပ်တော့ဘူး ဆိုရင် သာမန်မြို့လေး တမြို့ထက်မပိုနိုင်တော့ဘူး။

-

ဒီဖြစ်စဉ်နဲ့ ပြောင်းပြန် ဖြစ်နေတာကတော့ တာချီလိတ် ရှမ်းအရှေ့ပဲ။ ထိုင်းရဲ့မြောက်ဘက် ချင်းမိုင်အပါအဝင် လာအိုနဲ့ပါ ချိတ်နိုင်ရင် ဒီလမ်းကြောင်းကလည်း တိုက်ရိုက်ပေါက်တဲ့လမ်းမို့ ရွေးချယ်စရာ ကောင်းဖြစ်တာ တွေ့ရတယ်။ အဓိကကတော့ လာအိုဟာ တရုတ်လူဖြစ်တယ်ဆိုတဲ့အချက်က ဒီလမ်းပွင့်ဖို့ အရေးသာ သွားနိုင်တယ်ဆိုတဲ့ အချက်ပဲ။ လောလောလတ်လတ် ဆန္ဒပြထားတဲ့ ၁၇ ယောက်ကို ပြန်တော်ပြန် ခိုင်းထားတာကလည်း လာအိုဟာ နစက ဘက်မှာ ရှိတယ်ဆိုတဲ့ သဘော။

-

ဒီလောက်ဆိုရင် ရှမ်းရှေ့ဟာ စိတ်ဝင်းစားစရာကောင်းတဲ့ နယ်မြေဒေသဖြစ်လာမယ်ဆိုတာ ယုံကြည်လို့ ရနေပါပြီ။



(နရီမိုး)

Post a Comment

Previous Post Next Post