"မသွားသင့်တဲ့ ခရီး၊ မစားသင့်တဲ့ အစားအစာ "

Views


ထွန်းမြတ်နိုင်ကို နယ်မြေအပိုင်စားရဖို့ အချက်ပြတာက အင်အားကြီး ဘေးနိုင်ငံ တစ်ခု ဖြစ်ဖို့များပါတယ်။ ဒါမှမဟုတ်ရင်လည်း ထွန်းမြတ်နိုင် က စစ်ရေးနဲ့ပတ်သက်ပြီး အတွက်အချက်ကောင်းခဲ့တယ်လို့ ယူဆရမှာပါ။ ဘာလို့လည်း ဆိုတော့ ဟိုဂင် ရဲ့ ဆွေးနွေးချက်တွေမှာ ကုန်စည်ဘဏ္ဍာခွဲဝေမှုကို ညှိနှိုင်းကြတယ်ဆိုတဲ့နေရာမှာ ဒီဒေသရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တည်ရှိရခြင်းရဲ့ အရေးပါတဲ့ အခြေအနေကို ကောင်းကောင်း သဘောပေါက်သွားပုံ ရပါတယ်။

-----

ဒါ့ကြောင့်လည်း ရှမ်းမြောက်မှာ ယာယီအပစ်ရပ်လိုက်တာနဲ့ AA ဟာ ရှိသမျှ အင်အား အကုန်ထုတ်သုံးပြီး ရခိုင်မြောက်ပိုင်းကို အဓိက ထားပြီး တိုက်ပါတော့တယ်။ အဓိက နယ်မြေက ကုလားတန်ကို ထိန်းချုပ်ပြီးသားဖြစ်တဲ့ ပလက်ဝဒေသပါ။ အရင်ဆုံးကျတဲ့ စခန်းကြီးတွေထဲမှာလည်း မီးဝ က ရှေ့ဆုံးကပါခဲ့တာ တွေ့ရမှာဖြစ်တယ်။

---

တပ်မတော် ရင်ဆိုင်ရတဲ့ အဓိက အခက်အခဲက လက်နက်ကိုင် တပ်တွေဟာ လူမျိုးစွဲ ၊ ဒေသစွဲ ကြီးတာက အဓိက ပြဿနာ ဖြစ်ခဲ့တာပါ။ တိုင်းရင်းသား EAO တွေဟာ စစ်ပြေငြိမ်းထားတဲ့ကာလမှာ ရှမ်းကလည်း ရှမ်းလူမျိုးကို လူသစ်စုသလို AA ကလည်း ရခိုင်လူမျိုးတွေကို လူသစ်စုပါတယ်။ တအာင်းဒေသမှာ ညီအစ်ကို ၂ ယောက်ရှိရင် တစ်ယောက်က မဖြစ်မနေ TNLA ထဲ ဝင်ရပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အဲ့ဒေသက ရွာတွေဟာ သောင်းကျန်းသူနဲ့ စပ်ဆက်တဲ့ ရွာတွေ ဖြစ်ကုန်ပါတယ်။ အဲ့တော့ စစ်ကြောင်းဝင်ရင် သတင်းပေါက်ပါတယ်။ အဆိုးဆုံးကတော့ နယ်မြေအခြေချ တပ်တွေရဲ့ ကာလကြာရှည်တည်ထားမှုပုံစံအရ ဒေသခံ တိုင်းရင်းသားတွေနဲ့ပဲ အိမ်ထောင်ရက်သား ကျသွားပါတယ်။ ဒီတော့ အသက်ဘေးနဲ့ကြုံတဲ့အခါ၊ ကိုယ့်မိခင်ဌာနချုပ်က အလွယ်တကူ ထောက်ပို့ကိစ္စတွေ မရောက်တဲ့အခါ၊ ဇနီးမိသားစု အမျိုးအနွယ်တွေက တိုင်းရင်းသားသွေးနှောသွားတဲ့အခါ နီးစပ်ရာ ဓါးကိုကြောက်ပြီး အလွယ်တကူ လက်နက်ချတာတွေ ဖြစ်ကုန်တော့တာပါပဲ။

------

ရခိုင်ဟာ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်တယ်ဆိုပေမယ့် အခြေချ တပ်တွေနဲ့ပဲ အဓိက ရင်ဆိုင်ထားခဲ့တာပါ။ အဲ့ဒီအချိန်မှာ တပ်ဟာ မြဝတီမကျအောင် ရင်ဆိုင်နေရချိန်နဲ့ အချိန်ကိုက်ပါ။ အချိန်တိုအတွင်း တပ်မိသားစုတွေကို ရနိုင်သလောက် ရခိုင်ကနေ ကယ်ထုတ်ပေမယ့် AA ရက်ရက်စက်စက် လုပ်ခဲ့တာလည်း ရှိပါတယ်။ ခုတော့ အကျိုးပေးချိန်တန်ပြီထင်ပါတယ်။

----

ပြီးခဲ့တဲ့ ရက်မှာ ထွန်းမြတ်နိုင် ရေးတင်ခဲ့တဲ့ စာကိုကြည့်ရင် ကမ္ဘာ့နိုင်ငံတွေ၊ အထူးသဖြင့် OIC နိုင်ငံတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ထွန်းမြတ်နိုင်က ထိပ်ဆုံးကရှိနေမှာပါ။ အဓိကပြဿနာက ဘူးသီးတောင်မှာ AA လက်နက်ကြီးနဲ့ပစ်လို့ ဘင်္ဂလီတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ ကမ္ဘာ့နိုင်ငံတွေဆီအထိ ရောက်ပါတယ်။ ပိုဆိုးတာက အိမ်တွေကို မီးရှို့ပြီး ဘင်္ဂလီတွေကို မြို့ထဲက မောင်းထုတ်တဲ့ လုပ်ရပ်ကို မီဒီယာတွေနဲ့ အမေရိကန်သံရုံးကပါ Statement တွေ ထုတ်လာတာကိုကြည့်ရင် ပြဿနာက မသေးလှဘူးဆိုတာ တွေ့နိုင်တယ်။ အဓိက သက်သေက ဂြိုလ်တုဓါတ်ပုံတွေက်ုပါ နိုင်ငံတကာက ရထားတာပါပဲ။

----

တကယ်တော့ ဘေးအိမ်နီးချင်းနိုင်ငံက ခွင့်ပြုတယ်ဆိုတာ ပလက်ဝဒေသမှာ အစိုးရ+ AA+ ရင်းနှီးမြုပ်နှံ့တဲ့ နိုင်ငံဆိုတဲ့ အခင်းအကျင်းလောက်လေးဖြစ်ရုံပါ။ ဒါကို ထွန်းမြတ်နိုင်က လောဘကြီးတော့ ရတဲ့အခွင့်အရေးထဲကနေ ဘင်္ဂလီတွေကို တရားမဲ့ သတ်ဖြတ်လိုက်တာက အဆိုးဆုံး ပုံရိပ်အဖြစ်နဲ့ စွန်းထင်းစေကုန်တော့တာပါပဲ။ တရုတ်တောင် သူ့နိုင်ငံထဲက လူမျိုးရေးခွဲခြားမှု ပုံရိပ်ဆိုးကို မဖြေရှင်းနိုင်ချိန်မှာ ဓားခုတ်ရာတော့ လက်ဝင်လျိုမယ်မထင်ပါဘူး။ လက်လွန်၊ကြက်သွန်ဖြစ်သွားတဲ့ AA အနေနဲ့ ဘာဆက်လုပ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ်။ ဒီတခါတော့ စစ်ရေးမှာ အကဲခတ်တော်သလောက် လူမျိုးရေးမှာတော့ အရိပ်သုံးပါး နားမလည်ဘူးလို့ပဲ သုံးသပ်ရမှာပါပဲ။





(နရီမိုး)

Post a Comment

Previous Post Next Post