တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူများရဲ့ အမေရိကန်သို့ တောင်းဆိုချက်

Views


အစိုးရထုတ်နေ့စဉ်သတင်းစာတွေမှာ အမည်မဖော်လိုသူ ပြည်သူတစ်ဦးရေးသားထားတဲ့ “NUG ၊ PDF အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ” ဆောင်းပါးကို မြန်မာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားပါတယ်…

-

အဲ့ဒီဆောင်းပါးမှာ အမေရိကန်နိုင်ငံနဲ့ NUG ကို ထိတွေ့ဆက်ဆံနေတဲ့ အနောက်အုပ်စုနိုင်ငံတွေ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို ရည်ညွှန်းပြီး မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်တွေရေးသားထားတယ်လို့ ထင်ပါတယ်…

-

တောင်းဆိုချက် အဓိက ၂ ချက်ကတော့…

(၁) NUG ၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက် NUG၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန်။

-

(၂) NUG ၊ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာtတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် ဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးနေခြင်း မလုပ်ရန် တို့ဖြစ်ပါတယ်။

-

ဆောင်းပါးမှာ ဖော်ပြထားတဲ့ PDF အချင်းချင်း tတ်ဖြတ်တဲ့ ဗွီဒီယိုကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး မကြည့်သင့်တဲ့ ဗွီဒီယိုဖြစ်ပါတယ်…

-

NUG ၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များထဲက သိသာထင်ရှားတဲ့ဖြစ်စဉ်ကို ဥပမာပေးထားပေမယ့် ဒီထက်ဆိုးရွားရက်စက်တဲ့အကြမ်းဖက်လုပ်ရပ်တွေ လူမှုကွန်ရက်ပေါ်မှာ မကြာခဏ မြင်တွေ့နေရလို့ ဆောင်းပါးရှင်ရဲ့ တောင်းဆိုချက်ကို ထောက်ခံရေးသားလိုက်ရပါတယ်…

-

-

ဆောင်းပါးအပြည့်အစုံဖတ်ရှုလိုပါက ဒီလင့်လေးကို နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။


-

ဗီဒီယိုဖိုင် ကြည့်ရှုလိုပါက ဒီလင့်လေးကို နှိပ်ပြီးကြည့်ရှုနိုင်ပါသည်။






#ခင်ညိုချော

Post a Comment

Previous Post Next Post