အကြမ်းဖက်သမားတွေက ဆုံရွာကို ဘာကြောင့် ယုတ်မာလဲ?

Views


မေလ (၉)ရက်နေ့ မနက်ပိုင်း မြင်းခြံမြို့နယ်၊ ဆုံရွာမှာဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက အကြောင်းမဲ့တော့ မဟုတ်နေခဲ့ဘူး။

-

မြင်းခြံ၊ ဆီမီးခုံနယ်ထဲက ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ-

"ဆုံရွာက ရွာသူ၊ ရွာသားတွေဟာ နေပြည်တော်မှာ တည်ထားကိုးကွယ်မယ့် မာရဝိဇယကျောက်တုံး တော်ကြီးကို ဆီးမီးခုံဆိပ်ကမ်းကနေ အစစအရာအရာ လုပ်အားပေးကူညီထောက်ပံ့ပေးခဲ့ကြတာ ပြီးဆုံးတဲ့ အထိပဲ၊ အဲ့နားကတခြား ကျန်တဲ့ရွာတွေက တစ်ရွာမှ မကူညီကြဘူး။ အဲ့ဒီအငြိုးနဲ့ စစ်တပ်ထောက်ခံ ပျူရွာဆိုပြီး တစ်ရွာလုံးမီးရှို့ပြီး သတ်ခံလိုကြရတာပါပဲ။ အခုလည်း အဲ့ရွာနဲ့ အဲ့ရွာကိုလာမယ့် စစ်ကြောင်းကို တိုက်ဖို့ အင်အားစုနေကြတယ်" လို့ ဆိုပါတယ်။

-

ဆုံရွာဖြစ်စဉ်ကို ဝမ်း​မြောက်ဝမ်းသာနဲ့ အကြမ်းဖက်သမားများကို ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရွာရှည်ရွာ ကိုလည်း ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးစီမံချက်များ၊ ရေ၊ လျှပ်စစ်မီးနှင့်ကျန်းမာရေး အခြားသော အထောက်ပံ့များ ဖြတ်တောက်ရပ်ဆိုင်းပေးဖို့လည်းလိုအပ်ကြောင်း ဆီမီးခုံနယ်ဒေသခံတစ်ချို့မှ ပြောကြားခဲ့ ပါတယ်။

-

အဲ့ဒီဘက်မှာ တာဝန်ကျတဲ့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ တန်ပြန်ဒရုန်းအားကောင်းကောင်း သုံးနိုင်ဖို့ လိုအပ်ပါတယ်။ ရန်သူ့ဒရုန်းရဲ့ ပြင်းအားကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ထိခိုက်ဒဏ်ရာရရှိမှုအများစုမှာ ရန်သူ့ဒရုန်းကြောင့်ပင် ဖြစ်ကြောင်းလည်း သိရှိရပါတယ်။



သဇင်ဦး(ရွှေဆည်သူ)

Post a Comment

Previous Post Next Post