Views
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဉက္ကဌဖြစ်သည့် H.E.Mr. Chen Wenqing နှင့် တွေ့ဆုံခဲ့ပါတယ်။
-
တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရုတ်နယ်စပ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါးဆောင်ရွက်မှုအခြေအနေများ ရှင်းလင်း ဆွေးနွေးခဲ့ကြ ပါတယ်။
-
ဒါ့အပြင်တရုတ်နယ်စပ်မှာရှိတဲ့ KIA နဲ့ AA အကြမ်းဖက်သောင်းကျန်းသူများကို CIA က ကူညီ ထောက်ပံပေးနေမှုများကို နှစ်နိုင်ငံကိုယ်စားလှယ်များ အလေးထားဆွေးနွေးခဲ့ကြပြီး အရှေ့မြောက်ဒေသ၊ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက် ပေးမှုအတွက် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။