ကျားဖြန့်သမား‌တွေ မြဝတီကထွက်သွားဖို့ BGF အမိန့်ထုတ်

Views


နိုင်ငံခြားသားတွေအားလုံး ၂၀၂၄ မေ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း မြ၀တီတစ်ဝိုက် နယ်မြေတွေကနေ ထွက်ခွာသွားကြဖို့ မြ၀တီမြို့ကို ထိန်းချုပ်ထားတဲ့ စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က အမိန့် ထုတ်ပြန်ခဲ့ကြောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်အခြေစိုက် ထိုင်းမီဒီယာတစ်ခုက မေ ၄ ရက်နေ့မှာ ရေးသား ဖော်ပြလာပါတယ်။



ဒီထုတ်ပြန်စာကို မြန်မာ၊ အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကား ၃ မျိုးနဲ့ ထုတ်ပြန်ခဲ့ပြီး ပုံ BGF မြ၀တီ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့လို့ တပ်ထားတဲ့အတွက် BGF ဗိုလ်မှူးကြီး မောင်တိုးက ထုတ်ပြန်တာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။



ထုတ်ပြန်ချက်မှာ ကာစီနိုရုံတွေအဖြစ် ထူထောင်ပြီး Scammers ခေါ် Call Centers ခေါ် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် နိုင်ငံခြားသားတွေအားလုံး မေ ၁ ရက် ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း မြ၀တီတစ်ဝိုက်က လာရာလမ်းအတိုင်း ပြန်ထွက်သွားကြပါရန်၊ မထွက်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။



#D2News

Crd

Post a Comment

Previous Post Next Post