လက်နက်ချအညံ့ခံသူများနှင့် တပ်ပြေးများအား AA လက်နက်ကိုင်အဖွဲ့မှ အသုံးချနေမှု

Views


မနိုင်ရင် လက်နက်သာချ၊ လက်နက်ချလိုက်ရင် အရာရာပြီးပြီး ဒါမှမဟုတ်ရင် ပြေး…ဆိုပြီး ပြောနေ ကျတာတွေ တွေ့လို့ အားလုံးသိရအောင်ရေးပေးတာပါ၊ လက်ရှိရခိုင်မှာ တပ်ရင်းတွေကျနေတာ AA ဘက်က တော်လွန်းလို့ထင်လား၊ အဓိက ကိုယ့်ဘက်နေပြေးသွားတဲ့ သစ္စာဖောက်တွေနဲ့ လက်နက်ချ အညံ့ခံ နေသူတွေကြောင့် ဖြစ်နေတာ....

-

သူတို့လုပ်နေတဲ့ပုံစံတွေပြောရရင် ဥပမာ ကံစောက် ၅၃၉ တပ်က အရာခံဗိုလ်တစ်ယောက်ထွက်ပြေးရင်း AA ထဲရောက်သွားတယ်၊ ရောက်သွားတဲ့အချိန်မှာ AA တပ်ထဲကျန်ခဲ့တဲ့သူတွေကို သူတို့ဆီဝင်ဖို့စည်းရုံးခိုင်းတယ်၊ နောက်ဆုံးတိုက်တဲ့အချိန်မှာ သူကိုရှေ့ကနေဝင်တိုက်ခိုင်းခဲ့တယ်၊ သူမတိုက်ရင် သူအသတ်ခံရမှာဆိုတော့ နောက်ဆုံးသူလုပ်ရတော့တာပဲ(ဘယ်သူဆိုတာ အဲ့ဒီတပ်ကသူတွေ သိပါလိမ့်မယ်)

-

ပလက်ဝတိုက်တဲ့အချိန်မှာ AA ဘက်ကနေဦးဆောင်တိုက်တာ ဘယ်သူလည်းဆိုတာ သိလား၊ သံချပ်ကာ တပ်ကနေထွက်ပြေးပြီး AA ဆီရောက်သွားတဲ့ သစ္စာဖောက် ဗိုလ်မှူး အောင်မြင့်စိုး စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၄၇ ကျောင်းဆင်း၊ လက်ရှိ AA မှာ ဗျူဟာမှူးအဆင့်နဲ့ လုပ်နေတာ၊ သူလို သစ္စာဖောက် စစ်ပြေးတွေကိုစုစည်းပြီး ကိုယ်တပ်ကို ပြန်တိုက်ခဲ့ကြတာ၊ အွန်လိုင်းပေါ်ကနေလည်း ရခိုင်မှာရှိတဲ့ တပ်ပြင်နေမိသားစုတွေကို အွန်လိုင်းပေါ်ကနေ fri လိုက်လုပ်၊ သတင်းနှိုက်၊ နောက်ဆုံး အပြင်နေ မိသားစုဝင်တွေကိုဖမ်းပြီး တပ်ထဲနေတဲ့ သူတို့အမျိုးသားတွေကို တပ်ကသတင်းတွေ ပို့ခိုင်းခဲ့တယ်၊ လက်ရှိ ဂရုပေါင်းစုံမှာ ဟိုအခြေအနေလေးသိရမလား၊ ဒီအခြေအနေလေး သိရမလားဆိုပြီး မေးနေတဲ့ သူတွေကို AA ဘက်ကကောင်တွေက ချက်ဘောက်တွေထိ လိုက်ဆက်သွယ်ပြီး လူတစ်ယောက်ကို သိန်းဘယ်လောက်ပေး ဘာညာနဲ့ ငွေလွဲပြီးရော ဘလော့တာတွေ၊ အပြင်မှာတွေ့ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ၊ နင့်တို့တပ်လက်ရှိအခြေအနေတွေပြော မပြောရင် ဖမ်းထားတဲ့ နင်တို့ယောက်ျားကို သတ်မယ်ဆိုပြီး သတင်းနှိုက်တာတွေလုပ်နေတယ်၊ တတက ၉ ပထမအကြိမ်တိုက်ခံခဲ့ရတာလည်း ဒီလိုကိစ္စကြောင့်ပဲ။ မင်းပြားမှာကမ်းထိုးရေယာဉ်ကို သံချပ်ကာနဲ့ပစ်ခွဲခဲ့တာလည်း အဲ့ဒီကောင်အဖွဲ့ပဲ၊ ကားတွေနဲ့ကားပေါ်ပါအဖွဲ့တွေကတော့ ပလက်ဝမှာ လက်နက်ချခဲ့တဲ့ သူတွေ၊

-

ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေကို တပ်ကအမြောက်တွေနဲ့ ပြန်ပစ်ခိုင်းခြင်း ခံနေတဲ့သူတွေကရော ဘယ်သူတွေလည်း သိလား၊ ကံစောက်အမြောက်တပ်က လက်နက်ချခဲ့တဲ့သူတွေကို သူတို့မိသားစုတွေကို ဓားစာခံအဖြစ်ဖမ်းထားပြီး လိုက်ပစ်ခိုင်းနေတာ၊ ကျောက်တော်တပ်မကို လာတိုက် တုန်းကလည်း ရဲမေတစ်ချို့က AA အဖွဲ့တွေကို ပျောက်ကျားဝတ်ခိုင်းပြီး တပ်ထဲခေါ်သွင်းခဲ့တဲ့ထိကို ဖြစ်ခဲ့တယ်။

-

ဘူးသီးတောင်ဆိုလည်း ပလက်ဝနဲ့ ကျောက်တော်မှာ လက်နက်ချခဲ့တဲ့ ဘူးသီးတောင်တပ်ရင်းကသူတွေကို ကိုယ်တပ်ကိုပြန်တိုက်ခိုင်းခဲ့ကြတယ်၊ မတိုက်ချင်လည်း အနောက်မှာ သေနတ်ထောက်ထားတော့ တိုက်ကြရတာပဲလေ။

-

သူတို့တွေ တပ်စခန်း/ရဲစခန်းတွေကို တိုက်တဲ့အချိန် လော်နဲ့ “မင်းတို့တွေကို အင်အား ဘယ်နှစ်ထောင်နဲ့ဝိုင်းထားပြီ၊ လက်နက်ချပါ၊ မင်းတို့ကိုမသတ်ဘူး၊ အချိန်တန်ပြန်လွတ်ပေးမှာပါ၊ ”ဆိုပြီး အော်တယ်၊ လက်နက်ချ/အဖမ်းခံထားတဲ့ သူတွေရဲ့အသံသွင်းပြီး ခုခံတိုက်နေတဲ့သူတွေကို အယုံသွင်း လက်နက်ချခိုင်းတယ်၊ တစ်ချို့သူတွေက အဲဒီဆိုက်ဝါးမိပြီး လက်နက်ချခဲ့ကြတယ်၊ လက်နက်ချတာနဲ့ ပြီးပြီထင်လား၊ သူတို့သုံးလို့ရတဲ့သူတွေကို ပြန်လည်အသုံးချဖို့ထားပြီး ကျန်တဲ့သူတွေကို ရှင်းထုတ်တာ၊ ကျန်တဲ့သူတွေကို သူတို့လိုချင်တာရပြီဆိုတာနဲ့ နောက်ထပ်အကြိမ်ကြိမ် အသုံးချဖို့ ဖမ်းထားကျတာ၊ သူတို့တောင် စားစရာမရှိလို့ ရွာတွေကနေ တောင်းစားနေရတာကို ဒီလူထောင်ပေါင်းများစွာကို ကြည်ခင်ကြည်ဖြူစွာနဲ့ ထမင်းတင်ကျွေးထားမယ်ဆိုရင် ခင်ဗျားတို့ ယုံမှာလား….. သူတို့လူအများအမြင်မှာ ပြကွက်ကောင်းအောင် ပြန်လွတ်ပေးတဲ့သူတွေကြည့်လိုက် အများစုက အသက်အကြီးပိုင်းတွေ၊ သေခါနီးရောဂါရသူတွေနဲ့ မိသားစုဝင်တွေကြီးပဲ၊ ဒါတောင်လွတ်ပေးတာ နည်းနည်းလေးနော်၊ သန်သန်မာမာတွေဘာလို့ မလွတ်ပေးလည်းဆိုတာတော့ တွေးကြည့်ကြပေါ့

-

ဒါတွေဘာလို့ထုတ်ပြောပြရတာလည်းဆိုတော့ လက်နက်ချအညံခံမှုနောက်ပိုင်း မိသားစုဘဝပျက်တဲ့အပြင် အခြားမိသားစုတွေပါ ဘဝလိုက်ဖျက်နေရတာကို ပြောချင်တာ၊ တစ်ခါသေဘဝနဲ့ပြီးရမှာကို ဘဝအကြိမ်ကြိမ်သေနေရတဲ့ ဘဝတွေနဲ့ ခွဲခြားပြတာ… နောက်တစ်ခုက လူမှုကွန်ယက်သုံးနေသူများ ကိုယ်လုံခြံရေး၊ ကိုဘ်မိသားစုလုံခြုံရေးကို ဂရုစိုက်ကျဖို့ ပြောချင်တာပါ၊ နောက်တပ်ခုက မိမိတပ်ထဲက အရာရှိ/စစ်သည်/မှီခိုရဲမေတွေ အနေအထားပျက်နေရင် နီးစပ်ရာသတင်းပို့ကြဖို့နဲ့ တပ်ထဲလူစိမ်းဝင်လာရင် သတိထားဆက်ဆံကြဖို့ မှာချင်တာပါ။

-

ဒါတွေက လက်ရှိမြေပြင်ဖြစ်ပျက်နေတဲ့မြေပြင်အမှန်တရားပဲ၊ သူတို့ဆီလက်နက်ချတဲ့သူတိုင်း ပြန်လွှတ်ပေး တယ်ဆို ၂၀၂၀/၂၁ လောက်ကလူတွေ လွတ်နေပြီပေါ့ဗျာ၊ မဟုတ်ဘူးလား……

#MinChitOo

Post a Comment

Previous Post Next Post