ခွေးမျိုးတွေ .. ခွေးမျိုး AA တွေ

Views


မေ ၁၃

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်တဲ့ ပြည်သူ့ဆေးရုံ၀င်း အတွင်းကို AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ သုံးဦးသေဆုံးပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင်ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

-

ဖြစ်စဉ်မှာ မေလ ၁၁ ရက် ည ၁၁ နာရီခန့်က AA လက်နက်ကိုင်များက ဘူးသီး‌တောင်မြို့အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်အကွာ‌ ကျောက်သစ်ရွာသစ်‌ကျေးရွာဘက်မှ လက်နက်ကြီးများနဲ့ ပြည်သူ့ဆေးရုံ အတွင်းကိုရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံ၀န်ထမ်းအိမ်ရာ လေးထပ်ဆောင်ပေါ်ကို လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

-

ထို့ကြောင့် ပြည်သူ့ဆေးရုံအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိတဲ့ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ် ကလေးငယ်နှစ်ဦးအပါအ၀င် ဒေသခံပြည်သူ ၁၀ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါတယ်။

-

ထိခိုက်ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံကို အရေးပေါ်ပို့ဆောင်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှု‌ များခံယူလျက်ရှိပါတယ်။

-

AA လက်နက်ကိုင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများအေးချမ်းစွာနေထိုင်မှုနှင့် လူနေရပ်ကွက်ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ် တိုက်ခိုက်မှုကြောင့် ယခုအကြိမ်အပါအ၀င် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ဒေသခံပြည်သူ ၆၀ ဦးသေဆုံးခဲ့ကာ ၁၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Post a Comment

Previous Post Next Post