မြဝတီ Update

Views


လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့ မြဝတီမြို့မှ ဆုတ်ခွာ၊ မြိုအတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေပါပြီ။

-

တပ်မတော်က လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ဆုတ်ခွာခဲ့ရပြီး လက်ရှိ မြို့အတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေကြောင်း သတင်းရရှိပါတယ်။

-

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဧပြီ ၁၉ ရက်၊ ညပိုင်းမှစတင်ကာ ဒရုန်းများဖြင့် မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီအမှတ်(၂)တံတားရှိ ခလရ(၂၇၅)တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

-

ထိုသို့တိုက်ခိုက်မှုကြောင့် KNU ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြားတွင် ယမန်နေ့(ဧပြီ ၂၀ ရက်) ညပိုင်းအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်ကလည်း လေကြောင်းပစ်ကူများကို အသုံးအပြုကာ အပြင်းအထန်နှိမ်နင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post