ဗြောင်လိမ် ဗြောင်စားလုပ်နေတဲ့ UN ရဲ့ HRW

Views


မြန်မာ့တပ်မတော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအမျိုးသား ၁,၀၀၀ ဦးကျော်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး အဓမ္မစုဆောင်းခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) မှ မဟုတ်မမှန်ရေးသားထုတ်ပြန်ထားတာကို တွေ့ရပါတယ်...

-

တပ်မတော်အနေဖြင့် ဘင်္ဂါလီလူမျိုးများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ကူညီခြင်းများ၊ သဘာဝ ဘေးအန္တရာယ်များနဲ့ ကြုံတွေ့ရပါက ကူညီကယ်ဆယ် ထောက်ပံ့ရေးများနဲ့ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများကို ဖြည့်ဆည်းကူညီပေးလျက်ရှိနေပါတယ်... ဒါ့အပြင် AA သောင်းကျန်းသူအဖွဲ့ရဲ့ ဘင်္ဂါလီ လူမျိုးများအပေါ် ဖမ်းဆီးနှိပ်စက်၊ အနိုင်ကျင့်သတ်ဖြတ်နေခြင်း ဘေးအန္တရာယ်မှလည်း ကာကွယ်ပေးလျက် ရှိပါတယ်...

-

မြန်မာ့တပ်မတော်မှ ဘင်္ဂါလီလူမျိုးများအား ဖမ်းဆီး၍ လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုံးဝပြုလုပ်ခြင်းမရှိဘဲ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်လို့ HRW မှ ထုတ်ပြန်ထားတဲ့ သတင်းဟာ ရည်ရွယ်လုပ်ကြံထားသော သတင်းတု၊ သတင်းမှားသာ ဖြစ်ပါတယ်...

-

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ လူသတ်မှုများနဲ့ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဝေဖန်ခြင်းမျိုးမရှိဘဲ ယခုကဲ့သို့ သတင်းမှားတွေနဲ့ မဟုတ်မမှန်ရေးသားဖော်ပြမှုတွေလုပ်နေတာဟာ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ရှက်စရာ ကောင်းလွန်းတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်....

-

ဒါနဲ့စကားမစပ် ဂါဇာကိစ္စကို HRW က ဘာလို့ အသံမထွက်ရဲတာလဲ?

Post a Comment

Previous Post Next Post