၂၀၂၄ နေပြည်တော်သင်္ကြန် Review

Views

 


တော်လှန်ရေးပြီးမှ လည်မယ်တို့၊ အမေပြန်လာမှ ရေပက်မယ်တို့ ဆိုတာတွေတော့မသိဘူး။ ဒီနှစ် သင်္ကြန် အတော်စည်ချက်ပဲဗျ။

-

သင်္ကြန်အကြို၊ အကျ၊ အကြတ် နေ့ ၃ ရက်လုံး အမျိုးတွေရှိတဲ့ မဏ္ဍပ်မှာပဲနေနေမိတာမို့ ဒီနေ့ အတက်နေ့ တစ်ရက်တော့ အပြင်ထွက်လိုက်တယ်ဗျို့။

-

အလားလား … နေပြည်တော် လမ်းလျှောက်သင်္ကြန် ကားရပ်စရာနေရာကိုရှာယူရတာ ၁၅ မိနစ် လောက်ကြာတယ်။ မသိရင် စတုဒီသာပဲ ဝေနေတာလိုလို၊ အလှူကြီးအတန်းကြီးပဲပေးနေတာလိုလိုနဲ့ လူတွေ ကြိတ်ကြိတ်တိုးပဲ။

-

အဲ …. ကားရပ်စရာနေရာကနေ ဆက်ပြီး လျှောက်လှမ်းလိုက်တယ်ဆိုရင်တော့ဖြင့် လမ်းလျှောက် သင်္ကြန် မုခ်ဦးကနေ အထဲကိုဝင်ခဲ့တယ်ဆိုပါတော့။ ဝင်ဝင်ချင်းတစ်ချက်ပဲ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွါခွါ လျှောက်နိုင်တာ MYTEL မဏ္ဍပ် DJ လဲကျော်ရော လူတွေ လူတွေဆိုတာ ရှေ့ကို လျှောက်စရာကိုမလိုဘူး အလျဉ်းသင့်လေးပဲနေနေရုံပဲ။

-

တစ်ခုပဲစိတ်ထဲမတွေ့တာက ဝန်ကြီးဌာန မဏ္ဍပ်တွေဟာ တစ်ခုနဲ့တစ်ခု ကပ်နေတာပဲ။ မနှစ်ကလဲ ဒီလိုပဲ ကပ်နေတာ။ ကပ်တော့ ဘာဖြစ်လဲကွာဆိုတော့ ကပ်တော့ စပီကာတွေ တစ်ခုနဲ့တစ်ခုကပ်နေပြီး ဖွင့်တဲ့ သီချင်းတွေကမတူတော့ ဘယ်ဟာကို ခံစားရမှန်းကိုမသိဘူး။

-

ဒါပေမယ့် ကိုယ်သာမသိတာ မိဘပြည်သူတွေကတော့ သိတယ်ဗျ။ သိပ္ပံနဲ့ နည်းပညာမဏ္ဍပ်က “နွေဦးကဗျာ”ဖွင့်တယ်။ အဲ့နဲ့ ကပ်လျက် အလုပ်သမားက “ငုတ်တုတ်မေ့သွားမယ်” ဖွင့်တယ်။ မဏ္ဍပ်တစ်ခုနဲ့ တစ်ခုအကူးမှာ အံမယ် သူတို့ဘာသာ သူတို့ အကတွေ Auto ချိန်းပစ်တာကိုကြည့်ပြီး စိတ်ထဲ ချီးကျူးမိပါရဲ့။

-

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ မဟာ သင်္ကြန်ကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ ..

နေပြည်တော် လမ်းလျှောက် သင်္ကြန်ပျော်ရပါသည်ခင်ဗျာ။



မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post