သမိုင်းတရားခံ NLD

Views


ဒီဘက်ခေတ်လူတွေကတော့ မြန်မာပြည်ရဲ့ ပါတီစုံဒီမိုကရေစီလျှောက်လမ်းကြီးမှာ… အနီ/အစိမ်း ပြဿနာလောက်ကိုပဲ မျက်လုံးထဲ ပြေးမြင်ကြမှာပေါ့။

-

တကယ်တော့… လက်ရှိ အနီ/အစိမ်းပြဿနာလိုပဲ ၁၉၅၈ မှာ ဖဆပလကြီး နှစ်ခြမ်းကွဲတော့… တည်မြဲနဲ့ သန့်ရှင်းလည်း ခုလို အနီ/အစိမ်းပြဿနာလိုပဲ ကမ္ဘာမကြေပဋိပက္ခတွေ ဖြစ်ခဲ့တာပါပဲ။

----

တဖက်မှာ…. တည်မြဲက တပ်ကို အာဏာသိမ်းခိုင်းတာလို့ စွပ်စွဲသလို သန့်ရှင်းဘက်က ခါးပိုက်ဆောင်တပ်တွေနဲ့ တပ်မတော်ကို ပြန်ထိန်းဖို့ကြိုးစားလို့ အာဏာသိမ်းခံရတဲ့ပုံစံမျိုးလည်း ဝါဒ ဖြန့်ခဲ့ဖူးကြတာပါပဲ။ ဒီကြားထဲ သန့်ရှင်းကို အယုံအကြည်မရှိတဲ့ အဆိုတင်သွင်းတော့ ပမညတ အမတ်တွေကို အပြိုင်စည်းရုံးရာကနေ တချို့သောလူမျိုးစုအမတ်တွေအတွက် အခွင့်ထူးခံပုံစံဖြစ်သွားခဲ့တာ တွေလည်း သမိုင်းမှတ်တိုင်ပါပဲ။



----

ဒီအနီ/အစိမ်းပြဿနာမှာလည်း အစိမ်းက အာဏာလက်လွတ်ရချိန်မှာ လူထုကို မထိခိုက်ခဲ့ပေမယ့်အနီက အာဏာလက်လွတ်ရချိန်မှာ လက်နက်စွဲကိုင်ပြီး အစိုးရကို ပုန်ကန်ဖို့ ကြိုးစားစေခဲ့တာလည်း ဒီမိုကရေစီခေတ်ရဲ့ ပြယုဂ်တစ်ခုပါပဲ။ ငါ့ပါတီကိုမှ မထောက်ခံရင်…. ဘယ်ပါတီမှ မထောက်ခံဘဲ “ကြား”နေရင်တောင် မခေါ်မပြောနိုင်နဲ့ ရန်သူဖြစ်ရသလို Social Influencer တွေရဲ့လှုံ့ဆော်မှုတွေကြောင့် အုပ်ကြီး တွေနဲ့ ပါတီထောက်ခံသူတွေအပါအဝင် ကြားပြည်သူတွေဟာ ဒလံခေါင်းစဉ်နဲ့အသတ်ခံရ၊ ဘဝတွေ ပေးဆပ်ရ၊ အနာဂတ်တွေ ပျောက်ခဲ့ရတာလည်းပကတိ အမှန်တရားပဲ မဟုတ်လား။

----

ဒီပြည်တွင်းစစ်မီး ဖြစ်လိမ့်နိုးနိုးအချိန်ကတည်း….LPDF တွေရဲ့ စိတ်အားထက်သန်မှုဟာ အချိန်တန်ရင် ကျရှုံးလိမ့်မယ်ဆိုပြီးရေးခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့… LPDF တွေကိုဦးဆောင်သူတွေကိုယ်တိုင်က NLD ပါတီမှာ နေရာရခဲ့၊ လွှတ်တော်တွေမှာ…. ကိုယ်စွမ်းဉာဏ်စွမ်းရှိခဲ့ကြသူတွေမဟုတ်ခဲ့လို့ပဲ။ ယုံကြည်ချက်ကြောင့် …. ပြည်ပထွက်ခွာသွားကြတာချင်းတူပေမယ့် တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကြီးပွားချမ်းသာနေတဲ့ အပေါ်က ဝန်ကြီးတွေကအစပြုလို့ လော်ဘီနာမည်ခံပြီး ပွဲစားလုပ်နေတဲ့ လက်နက် ကုန်သည်/ ဘွန်းကိုယ်စားလှယ်တွေကအလယ် တော်လှန်ရေးကို အစွဲပြုပြီး“အခွန်ကောက်ခံရေးဂိတ်တွေ”တွေအပြိုင်အဆိုင်ဖွင့်နေတဲ့ အညာဒေသတွေအဆုံး ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး ဗမာလူမျိုးကြီး ဝါဒတိုက်ဖျက်ရေးကျင့်သုံးနေတဲ့ EAOs တွေကြားမှာ…… နှစ်ကြာလာတာနဲ့အမျှ တော်လှန်းရေးဟာ ပရုပ်လုံးဖြစ်လာမှာလို့ ကြိုပြောခဲ့ဖူးတယ်…

----

ခွက်ခေါက်အလှူခံမှ ရေရှည်ရပ်တည်ဖို့အခွင့်အရေးရှိမဲ့ pdf တွေရယ်၊ မူးယစ်ဆေးဝါးနဲ့ ပြည်ပ ထောက်ပံ့မှုသာမရှိရင် သံပတ်ပေးထားတဲ့ အရုပ်တွေလို အလိုလိုရပ်သွားမယ့် Eao တွေကြားမှာ ပုံမှန်ဘတ်ဂျက်နဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ဥပဒေဘောင်ထဲကနေ လိုသလိုမွေးမြူနိုင်တဲ့အခြေအနေမှာ တပ်မတော်ကျရှုံးလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

----

Eao နယ်မြေတွေမှာ Eao တွေကိုယ်တိုင်… လူသစ်ရဖို့ လက်နက်ပြ ချိန်းခြောက်စုဆောင်းနေရချိန်…. ဒရုန်းတွေဟာ အရင်လို ပေါပေါလောလော ဝယ်ဖို့ ခက်လာချိန်…. တပ်မတော်မှာ..စစ်မှုထမ်းဥပဒေနဲ့…. ရန်သူနဲ့ အပြိုင် ဒရုန်းတွေ ယှဉ်သုံးလာနိုင်ချိန်မှာ…. ဒီစစ်ပွဲက အလိုလိုပြီးသွားမှာဖြစ်သလို Nca လည်း အလိုလို အလုပ်လုပ်လာပါလိမ့်မယ်။ အချိန်တော့ ယူရတာပေါ့။



(နရီမိုး)

Post a Comment

Previous Post Next Post