ကော့ကရိတ်တွင် အကြမ်းဖက် KNU/PDF များ ပေါ်တာဆွဲနေ

Views


ဧပြီလ ၃ ရက်နေ့၊ နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ကော့ကရိတ်မှာရှိတဲ့ ပြည်သူ ၃၀ လောက်ကို အကြမ်းဖက် KNU/PDF တွေ ပေါ်တာဆွဲသွားတယ်လို့ သတင်းရရှိပါတယ်..

-

ဒေသခံတွေရဲ့ ပြောပြချက်အရ.. "ဒီကောင်တွေ မြို့ထဲ၀င်လာပြီး အမှတ် (၅) ရပ်ကွက်၊ တောင်သူချောင်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ထိုင်သောက်နေတဲ့ လူ ၅ ဦးလောက်ကို အရင်ဖမ်းတာပါ.. ပြီးမှ လမ်းတလျှောက်က တွေ့သမျှ မိန်းကလေး၊ ယောက်ကျားလေး အားလုံးကိုဖမ်းခေါ်သွားတာ.. စုစုပေါင်း ခန့်မှန်း ၃၀ ဦး လောက်ရှိမယ်.. ကားနဲ့ခေါ်တင်ပြီး တောင်သုံးလုံးဘက်ကို မောင်းသွားတာ"လို့ ဒေသခံများရဲ့ ပြောပြချက်အရသိရပါတယ်..

-

အခြားဒေသခံတစ်ဦးထံမှ.. " စစ်သားစုတာလည်း ဖြစ်နိုင်ပါတယ်..ဖမ်းခေါ်သွားတာ ကလေးတစ်ယောက်မှ မပါဘူးဗျ.. လုပ်နိုင် ကိုင်နိုင်အရွယ်တွေချည်းပါပဲ.. ဘာခိုင်းမလဲ မသိပေမယ့် တစ်ခုခုခိုင်းဖို့ ခေါ်တာဖြစ်လို့ ဒါက ပေါ်တာဆွဲတာပဲလေ.." လို့ ဆိုပါတယ်..

-

အကြမ်းဖက် KNU/PDF တွေရဲ့ အခုလို ပေါ်တာဆွဲခဲ့မှုအပေါ် မိသားစုဝင်များ စိတ်ပူနေကြပြီး နောက်ထပ် ပေါ်တာဆွဲမှာကိုလည်း ကြောက်ရွံ့နေကြကြောင်းနဲ့ ကော့ကရိတ်မြို့အား အမျိုးမျိုးဒုက္ခပေးနေတဲ့ အကြမ်းဖက် KNU/PDF တွေကို ဒေသခံများက ရွံရှာလာကြကြောင်း သိရှိရပါတယ်။



Saw Ba Maung

Post a Comment

Previous Post Next Post