ကဲ .. KIA ဘာလုပ်မလဲ?

Views


MNDAA ကတော့ လုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ KIA နဲ့ ကချင်လူမျိုးတွေကို စော်ကားတာတွေ များနေပြီ... အခုလည်း ဒေသခံ ကချင်လူမျိုးတွေရဲ့ ဘာသာ‌ရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားတန်ဖိုးထားမှုမရှိဘဲ မုံးကိုးမြို့က ကချင်ရိုးရာမနောကွင်းမှာ ကချင်ရိုးရာမနောင်ခန်းမ ဆောက်လုပ်မှာကို ပိတ်ပင်တားဆီး ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ သိရပါတယ်...

-

MNDAA ဟာ ကချင်လူမျိုးတွေရဲ့ ဘာသာ‌ရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဘယ်လောက်တောင် အလေး မထားစော်ကားသလဲဆိုရင် မုံးကိုးမြို့ရှိ ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေကို ညှိနှိုင်းတိုင်ပင် သဘောတူ ညီမှုရယူခြင်းမရှိဘဲ မုံးကိုးမြို့က ကချင်ရိုးရာမနောကွင်းကို လောင်းကစားကွင်းအဖြစ် အသုံးပြုခဲ့တဲ့ အထိပါပဲ...

-

ဒီတော့ KIA အပါအဝင် ကချင်လူမျိုးတွေအနေနဲ့ ကိုယ့်ရဲ့ ဘာသာ‌ရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို စော်ကား နေတဲ့ MNDAA ရဲ့လုပ်ရပ်ကို ဒီအတိုင်း ထိုင်ကြည့်နေကြတော့မှာလား...?

Post a Comment

Previous Post Next Post