KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ် MNDAA က ဝင်ရောက်စီးနင်း

Views


ဧပြီလ ၂၇



ဧပြီလ ၂၆ ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်ခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ် MNDAA က ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

-

"ကိုးကန့်စစ်သားတွေက ကား(၃)စီး‌နဲ့ရောက်လာပြီး KIA စစ်သားတွေကို ဝိုင်းလိုက်တာ၊ ပြီးတော့ သေနတ်တွေကို သိမ်းလိုက်ပြီး KIA စစ်သားတွေကို ဝိုင်းထိုးတဲ့သူကထိုး၊ ကန်တဲ့သူကကန်နဲ့ လုပ်ကြတော့၊ ပြောတဲ့စကားတွေကိုလဲ နားမထောင်ဘူး၊ စကားပြောစက်ကိုလဲ လုယူပြီးလွှင့်ပစ်လိုက်ကြတယ်၊ နောက်ပြီး သေနတ်ပစ်ဖောက်တာတွေရှိတော့ ဂိတ်မှာတန်းစီနေတဲ့ ကားတွေလဲ ဆက်မသွားရဲတော့ဘဲ ရပ်နေကြ ရတယ်"လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုထားပါတယ်။

-

အခုလို KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ကား (၃)စီးနဲ့ လာရောက်ပြီး KIA စစ်သား တွေထံက လက်နက်တွေသိမ်းယူခဲ့သလို ဝိုင်း၀န်းထိုးနှက်ကာ သေနတ်ပစ်ဖောက်ခဲ့ကြတယ်လို့ သိရပါတယ်။

-

ဒါ့ပြင် KIA ဘက်က ကိုယ်ထိလက်ရောက်မကျူးလွန်ဖို့ ပြောဆိုခဲ့ပေမယ့် ကိုးကန့်တပ်ဘက်က နားထောင်တာမရှိဘဲ KIA စစ်သားဆီက စကားပြောစက်ကိုလဲ လုယူလွှင့်ပစ်ခဲ့ကြကာ ဂိတ်မှာတန်းစီနေတဲ့ ကားတွေကို ပြန်လှည့်ခိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

-

အခုကဲ့သို့ ကိုးကန့်တပ်(MNDAA)တပ်ဖွဲ့၀င်တွေက KIA စစ်ဆေးရေးဂိတ်ကို အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖောက်ကာ ၀င်ရောက်စီးနင်းခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ကို ‌KIA ဘက်က တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးတာကြောင်း သိရပါတယ်။

crd.

2 Comments

  1. Kiaကအခြောက်ပါ

    ReplyDelete
  2. ကောင်းတယ်.ချကြကွာ

    ReplyDelete
Previous Post Next Post