မြေပြင်သတင်းအလွဲများနှင့် (Human Right Watch-HRW)

Views

 




ယခုလ ၁၀ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch-HRW)မှနေ၍ “တပ်မတော်က ၂၀၂၄ ဖေဖော်ဝါရီလကစပြီး ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မွတ်စလင်အမျိုးသား ၁၀၀၀ ဦးကျော်ခန့်ကို ညအချိန်၌ ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်း၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ မှားယွင်းသည့် ကတိများဖြင့် အဓမ္မဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ရိုက်နှက်ခြင်းများအပါအဝင် ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်က စစ်ပညာသင်တန်းအား ရက်သတ္တ ၂ ပတ်ခန့်အကြာ တက်ရောက်စေခဲ့ပြီးနောက် ၎င်းတို့ကို စစ်မြေပြင်သို့ စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ အဓမ္မလူသစ်စုဆောင်းခြင်းအတွက် အမှုပေါင်း ၁၁ မှုအား ရခိုင်ပြည်နယ်ရှိ စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင် ၊ ပေါက်တောနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဘင်္ဂါလီဒုက္ခသည် ၂၅ ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို မှတ်တမ်းတင်နိုင်ခဲ့သည့်အပြင် အေ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့ရှိ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က လက်ခံရရှိခဲ့ကြောင်း” မြေပြင်သတင်း အလွဲများနှင့် ရေးသားဖော်ပြခဲ့တယ်။

-

အဓမ္မလူသစ်စုဆောင်းခြင်းအတွက် ပေါက်တောနှင့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီဒုက္ခသည်တွေကို မေးတယ်ဆိုတည်းက စလွဲနေပြီ၊ ပေါက်တောမြို့ဆိုတာ စစ်တပ်နဲ့ရဲလုံးဝမရှိ AA ပဲ ရှိနေတဲ့နေရာ ဘင်္ဂလားဒေ့ရှ်မှာဆိုပိုဆိုး၊ တကယ်တမ်းမြေပြင်မှာ အဓမ္မလူသစ်စုဆောင်းနေတာက AA၊ AA အကြမ်းဖက်အဖွဲ့ရဲ့ လူသစ်အတင်းအဓမ္မစုဆောင်မှု၊ ရိက္ခာ/ဆက်ကြေး အတင်းအဓမ္မတောင်းယူမှု၊ မွတ်ဆလင်တွေကို အတင်းအဓမ္မဖမ်းဆီး/နှိပ်စက်/သတ်ဖြတ်မှု စသည့် အကြမ်းဖက်မှုတွေ လုပ်နေလို့ မွတ်ဆလင်တွေ လက်မခံနိုင်တော့တဲ့အဆုံး ဆန္ဒထုတ်ဖော်နေကြတာ အားလုံးအမြင်၊ စစ်တပ်ကသာ သူတို့ပြောသလိုလုပ်နေရင် AA အစား စစ်တပ်ကို ပြမှာပေါ့မဟုတ်ဘူးလား.. သူ့လူမျိုး/သူ့ရွာ ကာကွယ်ဖို့တော့ လုပ်ကြမှာပဲလေ၊ AA အကြမ်းဖက်ရန်ကာကွယ်ဖို့ AA ကိုတိုက်နေတဲ့ စစ်တပ်ကို အားကိုးမှာ အမှန်ပဲလေ.... သူတို့အတင်းအဓမ္မစုခံရတာလား သူတို့စိတ်နဲ့ သူတို့တောင်းဆိုပြီး လုပ်နေတာလားဆိုတာ တက်လာတဲ့ video File တွေမှာ မြင်လိုက်ကြမှာပါ

-

AA အကြမ်းဖက်မှုတွေကိုဖာထေးဖို့ စစ်တပ်ကို လက်ညိုးထိုးနေတဲ့ HRW အဖွဲ့အနေနဲ့ အမှန်တကယ် မြေပြင်ကိုဆင်းကြည့်ဖို့လိုတယ်လို့ပဲ ပြောချင်မိတယ်။

#MinChitOo

Post a Comment

Previous Post Next Post