မြန်မာပြည်သူတွေရဲ့ မုန်းတီးခြင်းကို ခံနေရတဲ့ China

Views


တရုတ်က လူကြီးဟောင်းတွေကို ဘာလို့လိုက်တွေ့နေရသလဲ?

ပြောရရင်တော့

တရုတ်က မြန်မာနိုင်ငံအပေါ်၊ မြန်မာပြည်သူတွေအပေါ်၊ လက်ရှိအစိုးရအပေါ် သဘောထားမမှန်ဘူး .. စေတနာမမှန်ဘူးပေါ့ဗျာ .. ယခင်က သိပ်မသိသာပေမယ့် 1027 ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူ့သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာပါပဲ။

-

1027 ကြောင့် တရုတ်ကို အနီရော၊ အစိမ်းရော၊ ပြည်သူရော၊ စစ်သားတွေရောပါ နာကြည်းမုန်းတီးသွားကြတယ် .. သံရုံးရှေ့ ဆန္ဒပြဖို့အထိတောင် တရုတ်ရဲ့ ပုံရိပ်ကျဆင်းသွားခဲ့တယ်။

-

အဲဒီလိုကျဆင်းသွားတဲ့ပုံရိပ်တွေ Image ပြန်တက်လာအောင်ရယ်၊ မြန်မာပြည်သူတွေရဲ့ တင်းမာမှုတွေကို ဖြေလျော့ချင်တာရယ်ကြောင့် ယခင်ဩဇာကြီးခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေကို လိုက်တွေ့နေတာဖြစ်တယ်။ အဲဒီလူကြီးဟောင်းတွေက အနားယူပြီး အေးအေးဆေးဆေးနေကြတာဖြစ်လို့ ထူးမယ်လို့မထင်ဘူး။

-

တရုတ်အနေနဲ့ ထူးခြားချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအပေါ် သဘောထားမှန်၊ စေတနာမှန် ပြမှပဲ ရပါတော့မယ်။

Post a Comment

Previous Post Next Post