Views
2024 April 2
အေပြီလ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီးတွင် NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ ဒုခေါင်းဆောင်အဆင့်ရှိ ရှန်းခန်းအောင် (ခ)ရှန်းမောင် ဦးစီး ၂ ဦးသည် ပြည်သူများသွားလာနေသောလမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းတိုက် ခိုက်ခဲ့ရာ
- NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှအကြမ်းဖက် ၁ လောင်း
-အမ်အေ-၅ ပစ္စတို ၁ လက်
-ကျည်အိမ် ၁ ခု
-၉မမ ကျည် ၄ တောင့်
-နိုင်ငံသားစိစစ်ရေးကတ် ၁ ခု
-ငွေ ၇၀၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။