စကစကျင့်သုံးလာတဲ့ နည်းဗျူဟာအသစ်

Views


၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး စကစတပ်များဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ နောက်တန်းဌာနချုပ်များ၊ အခိုင်အမာစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုဘဲ သူတို့ရဲ့ တပ်ရင်းဌာနချုပ်များကိုသာ ကာကွယ်ခုခံတိုက်ခိုက်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ် ..

-

ဒါပေမယ့် အများတကာ အလွယ်တကူမသိနိုင်တဲ့ စကစရဲ့နည်းဗျူဟာအသစ်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်၊ ခဲယမ်းတိုက်များ၊ အုပ်ချုပ်ထောက်ပံ့မှုနေရာများ၊ လက်နက်ခဲယမ်း သယ်ဆောင်ရာလမ်းကြောင်းများကို သတင်းအတိအကျရယူပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါတယ် ..

-

ဒီလိုပြုလုပ်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲကို CDM စစ်ပြေးအယောင်ဆောင်သူလျှိုများ စေလွှတ် ခြင်း၊ လက်နက်ချအညံ့ခံသူများနဲ့ လျှို့ဝှက်ဆက်သွယ်ချိတ်ဆက်ခြင်းများ ပြုလုပ်နေတဲ့အပြင် ငွေကြေးသိန်း ပေါင်းများစွာ အကုန်အကျခံပြီး သူ့လူကိုယ့်ဘက်သား အမာခံသတင်းပေးများ မွေးမြူပြီး EAOs များရဲ့ လက်နက်ခဲယမ်းများထားရှိရာနေရာ မြေပုံညွှန်းအတိအကျရယူပြီး လေကြောင်းမှ ထိရောက်စွာဗုံးကြဲမှုများ ပြုလုပ်လျက်ရှိပါတယ် ..

-

ထိရောက်အောင်မြင်တဲ့ စကစရဲ့ နည်းဗျူဟာအသစ်ကြောင့် KIA, KNU, AA အဖွဲ့များ ထိခိုက်ဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း ကြားသိနေရပါတယ်။။။

#ခင်ညိုချော

Post a Comment

Previous Post Next Post