ကလေးငယ်နှင့် နှာခေါင်းသွေးလျှံခြင်း အကြောင်း

Views


နှာခေါင်းသွေးလျှံတယ်ဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။

နှာခေါင်းသွေးဘာကြောင့်လျှံလဲဆိုရင် နှာခေါင်းအတွင်းပိုင်းနံရံက သွေးကြောငယ်လေးများ ပေါက်ထွက်တာ ကြောင့်ပဲဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့နှာခေါင်းအတွင်းနံရံဟာအင်မတန်နူးညံ့ပြီး ပါးလွှာတာကြောင့် သွေးကြောလေးတွေကအပေါ်ယံမျက်နှာပြင်မှာရှိနေတဲ့အတွက်အလွယ်တကူပေါက်ထွက်လွယ်တာပဲဖြစ်ပါတယ်။ သာမန်အားဖြင့် နှာခေါင်းသွေးလျှံတာဟာအလွန်ဆုံးငါးမိနစ်ဆယ်မိနစ်အတွင်းမှာဘဲ သူ့အလိုလို ရပ်သွားတဲ့အတွက် ဆရာဝန်ဆီသွားစရာမလိုပါဘူး။

-

#နှာခေါင်းသွေးလျှံနိုင်တဲ့ အကြောင်းအရင်းတွေကတော့ -



• နှာခေါင်းခဏခဏကလော်ခြင်း၊

• နှာခေါင်းကိုထိခိုက်မိခြင်း၊

• ရာသီဥတုခြောက်သွေ့ပူပြင်းခြင်း၊

• နှာခေါင်းအတွင်းပိုးဝင်ခြင်း၊

• ဓာတ်မတည့်ခြင်း၊

• နှာခေါင်းအတွင်းပစ္စည်းတစ်ခုခုဝင်ခြင်း၊

• ဝမ်းတအားချုပ်၍ တအားညှစ်ရခြင်း၊

• အချို့သောဆေးဝါးများ၊

• ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုရှိနေခြင်း (ဒါဟာအလွန်ရှားပါတယ်) စတဲ့အချက်တွေကြောင့် နှာခေါင်းသွေး လျှံတတ်ပါတယ်။ ဒီလိုနှာခေါင်းသွေးလျှံလာပြီဆိုရင် ဒီလိုရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးလို့ရပါတယ်။

• ရေခဲအဝတ်ဒါမှမဟုတ်ရေခဲအိတ် ကို ကလေး နှာတံအပေါ် (သို့) လည်ပင်းအနောက်နဲ့ ဘေးဖက်မှာ အုပ်ပေးထားပါ။

• ကလေးဦးခေါင်းကိုနောက်လှန်မနေပါစေနဲ့။ နောက်လှန်နေမယ်ဆိုရင် သွေးဟာနှာခေါင်းအနောက်ဖက်ကနေ လည်ချောင်းအထိပြန်ဆင်းပြီးတော့ ပြန်အန်နိုင်တယ်။ အန်ရင် နှာခေါင်းသွေးထွက်တာပိုဆိုးနိုင်တယ်။ ဒါကြောင့် သက်တောင့်သက်သာ ထိုင်ခိုင်းထားပါ။

• နှာခေါင်းပေါက်နှစ်ခုရဲ့အထက် နား နှာတံအောက်ဖက် ပျော့နေတဲ့ နေရာကိုလက်နဲ့ ခပ်ဖွဖွဆယ်မိနစ် လောက်ဖိညှစ်ထားပေးပါ။ဒီလိုဖိညှစ်ထားတာဟာ သွေးကို အမြန်ဆုံးတိတ်စေပါတယ်။



ဒီလောက်ဆိုရင်တော့ ကလေးနှာခေါင်းသွေးလျှံတတ်တဲ့ အကြောင်းအရင်း နဲ့ နှာခေါင်းသွေးလျှံလာပြီဆိုရင် ဘယ်လိုပြုစုပေးရမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်နော်

#crdit

#PPA

Post a Comment

Previous Post Next Post