တိုင်းပြည်ကို ဘယ်သူဖျက်ဆီးတာလဲ?

Views


မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သတ်ပြီး တပ်က အာဏာသိမ်းရင် NLD အနေနဲ့ ဘာလုပ်မယ်ဆိုတာကြိုတင်ပြင်ဆင်ထားမှု မရှိကြောင်း၊ ဘယ်သူတွေလုပ်လို့ ဖြစ်ရတာလို့ ဘယ်လိုဆင်ခြေပေးပေး NLD မှာ တာဝန်ရှိတယ်။ အာဏာသိမ်းခံရတာ NLD မှာ တာဝန်ရှိကြောင်း ဦးဟံသာမြင့်ရဲ့ စာတမ်းမှာဖော်ပြထားတာတွေ့ရတယ်။

-

ဦးဟံသာမြင့်ရဲ့ စာတမ်းမှာဘယ်လိုပဲဖော်ပြထားထား တပ်မတော်အာဏာထိန်းသိမ်းခဲ့ရတဲ့အကြောင်း အရင်းဟာ NLD ပါတီ မဲလိမ်မဲခိုးပြီး နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်းအဓမ္မ ရယူဖို့ကြိုးစားခဲ့လို့ အခုလိုအခြေအနေတွေဖြစ်ခဲ့တာပါ။

-

နိုင်ငံလည်း NLD ကြောင့် အလုံးစုံနောက်ကျအောင် အကြမ်းဖက်လုပ်ရပ်တွေနဲ့ အဖျက်အမှောက် လုပ်ငန်းတွေလုပ်ဖို့ NLD ကိုယ်စားလှယ်ဟောင်းတွေ၊ ပါတီဝင်တွေဟာ မသိနားမလည်နဲ့ ပါတီအားပေးထောက်ခံသူ လူငယ်လူရွယ်တွေကို ဝါဒမှိုင်းတိုက် မြှောက်ပင့်ပေးခဲ့တယ်။

-

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာတော့ NLD က လူတွေ အများစုပါဝင်တဲ့ NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ NUG ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက် တစ်မြို့၊ တစ်ရွာ တစ်ဖွဲ့ဆိုသလို အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက်လုပ်ရပ်တွေလုပ်လာကြတယ်။

-

ပြောချင်တာက ယနေ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်ပေါင်းစုံကျူးလွန်နေတဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို မွေးထုတ်ပေးလိုက်တဲ့ အဓိက မူလဇစ်မြစ်တရားခံတွေက မဲလိမ်၊ မဲခိုးပြီး နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ ရယူဖို့ကြိုးစားခဲ့တဲ့ NLD ပါတီကြောင့်သာဖြစ်ပါတယ်။ ဒါဟာ တကယ့်အမှန်တရားပါပဲ။

1 Comments

Previous Post Next Post