ငွေလိမ်ဂိုဏ်းကို သတိထားကြပါ

Views


ညီမကိုယ်ဝန် ၇လပါ ၆ လပိုင်းမွေးတော့မှာပါ ငွေသိန်း ၁၅၈ သိန်းအလိမ်ခံရလို့ပါ။ အိမ်မှာနေရင်း ကျွန်မငွေအပိုဝင်အောင် YouTube subscribed လုပ်ပေးရင်း ငွေလိမ်ခံရလို့ပါ။

-

ကျွန်မကိုယ်ဝန်ဆောင်သယ်ပါ။ ကိုယ့်ဘာသာအေးအေးလူလူအင်တာနက်သုံးပြီး ဘာအရှုပ်မှမရှိ ဘဝကို ရိုးရိုးသားသား ကလေး၂ယောက်၊ ၁ဗိုက်နဲ့ဖြတ်သန်းခဲ့ပေမယ့် မဖိတ်ထားပဲ ကံဆိုးမှုကြုံလာရပါတယ်။

-

ကျွန်မ အလိမ်ခံရတဲ့ ပုံစံ ပြောပြချင်လို့ပါ။ ပထမတော့ မိန်းကလေးတစ်ယောက် Viber ကနေ စကား လာပြောတယ်။ (အဓိက သူက လူစု‌ဆောင်းရတာ၊) ကျွန်မလဲ လက်ခံ စကားပြောမိတယ်။ YouTube scribers လိုချင်လို့ပေါ့ ၊ သူတို့က YouTube channel ချပေးရင် ကိုက လိုက်ပီး Scribe လုပ်ပေးရုံပဲ။ တစ်ခု တစ်ထောင်ရမယ်။ လုပ်မယ်ပေါ့၊ ကျွန်မ Kpay နဲ့ နာမည်ကို ပေးလိုက်တယ်။

-

ပထမရက် YouTube channel တွေ Scribe လုပ်တာ 3000 လောက်ရတယ်။ ဒုတိယရက် YouTube channel တွေ Scribe လုပ်တာ ၁၈,၀၀၀ ရပါတယ်။

-

ဒုတိယရက်ရောက်တော့ Crypto Exchange တွေနဲ့ချိတ်ပီး mission ဆိုပီး လုပ်ထားတယ်။ Mission 1 to 5 ရှိတယ်။ mission တစ်ခုစီမှာ ဈေးနှုန်းတွေ သတ်မှတ် ထားတယ် ။မတည်ငွေ ၄၀၀၀၀ အနည်းဆုံးကနေ ၁၂ သိန်း ၂ သောင်း ထိ ရှိတယ်။ အနည်းဆုံး ၄၀၀၀၀ က တစ်ခါပဲ ရတယ်။ မတည်ငွေ အလိုက် အမြတ် percent တွေလဲ ကွာတယ်။ အဲဒါနဲ့ ဒုတိယရက်ရောက်တော့ ၄၀,၀၀၀ Mission ကို စမ်းလိုက်တယ်။ သူတို့က magix1.cc ဆိုတဲ့ google address ထဲ ဝင်ဝယ်ပေးရမယ် Invitation code တွေ အကုန် လုပ်ပီးသားကို ဘယ်လောက် ‌amount ဘယ်‌လောက် Percentနဲ့ ဝယ်‌ပေးရမယ်ဆိုပီး ညွန်ကြားပေးတယ်။ တကယ်လဲ ဝယ်ပေးပြီးတော့ အမြတ်ပြန်ပေးတယ်။

-

တတိယရက်ကျတော့ ‌မှာ ၂၂၀,၀၀၀ Mission ကို ထမ်းစမ်းမိပါတယ် စမ်းချင်ရင် ပထမ ၄၀,၀၀၀ တုန်းကလိုပဲ သူတို့ညွန်ကြားတဲ့အတိုင်း လုပ်ရုံပဲ။ ဒါပေမယ့် ထူခြားတာက sub-Mission လေးတွေ ထည့်ပေးထားတယ်။ အဲဒါ အဓိက ကစားချင်လို့ ထည့်ပေးထားတာ။ sub-Mission ပြီးမှ ငွေပြန်ထုတ်ရမှာ။ မပြီးရင်ထုတ်မရ။ ပထမ ၂၂၀,၀၀၀ တုန်းက Mission ကတော့ အမြတ်ပြန်ရတယ်။

-

အဲဒီရက်မှာပဲ နေ့လယ်ရောက်တော့ ၂၂၀,၀၀၀ နဲ့ ထပ်စမ်းတယ်။ ၂၂၀,၀၀၀ သိန်း mission ပေါ့။ sub-Mission က ၈၉၀,၀၀၀ တဲ့ အရမ်းများနေမှန်း သိပေးမယ့် ပထမ ၂၂၀,၀၀၀ Missionတုန်းက လိုပဲ ထင်ပြီး အဒေါ်ဆီကချေးပြီး ထည့်လိုက်တာ။

-

အဲဒီ၂၂၀,၀၀၀ Mission မှာပဲ sub-Mission တွေ နောက်ထပ်mission တစ်ခု ထပ်ထည့်လာတယ်။ ဒီ sub-Mission တစ်ခုရဲ့ မတည်ငွေ ပမာဏထက် အဆမတန် များပေးထားတယ် ၁,၉၅၀,၀၀၀ ပါ။ ကျွန်မလဲ အရင်ထည့်ထားတဲ့ ၁,၁၁၀,၀၀၀ ဆုံးမှာစိုးလို့ စုထားသမျှငွေ ၁,၉၅၀,၀၀၀ လုံးထပ်ပြီးထည့်မိပါတယ်။

-

ဒါနဲ့တင်မပြီးပဲ Premium အဆင့်အတွက်ဆိုပြီး ၄,၂၀၀,၀၀၀ ထပ်ထည့်ခိုင်းပြန်ပါတယ်။ ကျွန်မလဲ ထည့်ခဲ့သမျှ ၃,၀၆၀,၀၀၀ ဆုံးရှုံးမှာကြောက်တဲ့စိတ် ကလေး၂ယောက်အတွက် စုထားတာပါမှာ ကြောက်တဲ့စိတ်နဲ့ ၄,၂၀၀,၀၀၀ ကို မရရအောင် ထပ်ရှာပြီး ကလေးရွေးပေါင်ပေးပြီးထည့်ခဲ့ပေမယ့် ကံဆိုးမသွားမိုးလိုက်လို့ရွာဆိုသလိုပဲ သူတို့ညွန်ကြားတဲ့ အတိုင်း လုပ်ခိုင်းပေမယ့် crypto money ဆိုတာကို နားမလည် အစိမ်းသပ်သပ်ဖြစ်တဲ့ကိုယ့်ကို နဂိုနဲ့မတူတဲ့ ရွေးနည်းတစ်ခုကို ရွေးခိုင်းတဲ့အချိန် သတိမမူမိပဲ ရွေးနည်းမှားသွားလို့ mission failed သွားပါတယ်။

-

ထည့်ခဲ့သမျှ ၇,၂၆၀,၀၀၀ ဆုံးဖို့အခြေအနေဖြစ်လာလို့ ညွှန်ကြားသူကို ဘလိုလုပ်ရင်အကောင်းဆုံး ဖြစ်မလဲမေးတဲ့အခါ နောက်ထပ် အစားထိုး ပြန်ဆယ်တဲ့ mission ကို ၈,၂၀၀,၀၀၀ နဲ့ပြန်ဆယ်ဖို့ ညွှန်ကြားတဲ့အခါ group ထဲက တခြား member (၃) ဦးလဲ ကိုယ့်ကြောင့် အမြတ်မထုတ်ရမှာ စိုးရိမ်စိတ်ကြောင့် ၈,၂၀၀,၀၀၀ ကိုလဲရွှေတွေပေါင်ပေးခဲ့ပါတယ်။ ဒီအဆင့် ၈,၂၀၀,၀၀၀ ပြီးရင် mission အားလုံး ပြီးပြီလား ညီမအရင်ငွေတွေရောရမလားမေးတော့ ရမယ်ပဲဖြေခဲ့ပါတယ်။

-

ဒါနဲ့ညီမလဲ ကိုယ့်ငွေတွေပြန်ရလိုဇောနဲ့ ၈,၂၀၀,၀၀၀ ထပ်ထည့်ပေးခဲ့ပါတယ်။ စုစုပေါင်း ငွေပမာဏ (၁၅,၄၆၀,၀၀၀) ထည့်ပြီး သူတို့ညွန်ကြားတဲ့ အတိုင်း mission ကိုလုပ်လို့အောင်မြင်တယ်ပြောပြီး (၂ ရာ ခြောက်ဆယ့်၃သိန်းရှစ်သောင်းလေးထောင့်သုံးရာ) ထုတ်ယူနိုင်ဖို့ withdrawal code ကျလာပါတယ်။

-

၃ ရက်တာပင်ပန်းခဲ့တဲ့အပူလုံးကျပြီး ငွေရပြီအထင်နဲ့ပျော်ခဲ့ပေမယ့် ညီမဟာ mission တစ်ခါ ကျရှုံးခဲ့လို့ credit score ၁၀၀ မှာ ၈၀ ပဲရှိလို့ ၂၀ ပြန်ဖြည့်ဖို့ ၁ score - ၆၅၀,၀၀၀ နဲ့ ၂၀ score စာ သိန်း ၁၃၀ လွှဲရင် ညီမကို အပေါ်ကငွေတွေအကုန်ထုတ်ပေးမယ်ပြောပါတယ်။

-

ညီမကိုယ်မှာ ရှိတဲ့တစ်ကိုယ်စာရွှေကလွဲကျန်ရွှေတွေလဲ ပေါင်ပြီးတော့ ငွေဖော်ဖို့ ကားစာအုပ်ပဲရှိတော့လို ဆက်မရူးမိုက်ရဲလို့ သိန်း ၁၃၀ ထပ်မလွှဲဖြစ်တော့ပါဘူး။

-

နောင်အခါမှရတဲ့ နောင်တပါ ၁၀ သိန်းကျော်မှာ အဒေါ်က ဆက်မလုပ်ဖို့ တားပေမယ့် ကိုယ်လဲ ဒီအခြေအနေထိ လိုက်ဆယ်လေမြုပ်လေဖြစ်မယ်မထင်ခဲ့တာပါ။

-

ညီမသာ သူတို့တောင်းတဲ့ သိန်း ၁၃၀ ထပ်သွင်းခဲ့ရင် နဂိုသွင်းထားငွေ ၁၅၄ သိန်း ၆ သောင်းနဲ့ပေါင်း ၂၈၄ သိန်း ၆ သောင်းပါ သူတို့လက်ထဲရောက်ပြီး ပြန်ရနိုင်မရနိုင်မသေချာ ကတိမရှိတဲ့အခြေအနေမို့ ထပ်မလွှဲရဲတော့ပဲ လူလိမ်အဖွဲ့လို့သာ သတ်မှတ်မိပါတော့တယ်။

-

ပြီးမှ ပြန်စဉ်းစားကြည့်တော့ သူတို့က အဖွဲ့လိုက်လုပ်ဆောင်နေတာပါ။ နေအေးရဲ့ လိမ်နည်း ၁၀၀ မှာပါတဲ့ အချက်တွေလိုပါပဲ။ Mission ဂရုထဲပါဝင်တဲ့ တခြား member ၃ ဦးကတော့ သူတို့က mission မမှားလို့ သိန်း ၂၀၀ ကျော်ဝင်တယ်လို့ SS တွေပို့ကြပါတယ်။ တေ့တေ့ဆိုင်ဆိုင် telegram က ညီမဖုန်းဆက်ပြီး ဖုန်းမကိုင်ကြပါဘူး ညီမအထင်တော့ သူတို့လဲတစ်ဖွဲတည်းညီမကိုဝိုင်းလိမ်တာဖြစ်ဖို့များပါတယ်။

-

အထက်ပါ အကောင့်များကို စုစုပေါင်း ၁၅၄ သိန်း ၆ သောင်း လွှဲခဲ့ပါတယ်။ ( Kpay account number များအား telegram တွင် ကြည့်ပါရန်)

-

ပထမ စစချင်း Social Engineering နဲ့ စတယ်။ ငါးစာက လောဘ နဲ့ မျှားပါတယ်။ ညီမကတော့ ငါးစာပဲမြင်ပြီး ငါးမြှားချိတ်မမြင်တဲ့ လောဘသားကောင် အယုံလွယ်အရှိုက်ခက် ၁၅၄ သိန်း ၆ သောင်း အတွက် ပူပန်နေရတဲ့ဗိုက်ကြီးသယ်ပါ။

-

အဆင်ပြေရင် share ပေးခြင်းဖြင့်ကူညီပါ အမှန်တရားအတွက်တစ်ဦးဦးက ရပ်တည်ပေးရင် လူလိမ်တွေ နည်းလာမှာပါ။

-

ညီမလိုတခြားသူတွေမခံစားရအောင်တင်ပေးဖို့ တောင်းဆိုချင်လို့ပါ





#Crd

#crypto

Post a Comment

Previous Post Next Post