အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

Views

 


အကျဉ်းထောင် အသီးသီးတွင် အကျဉ်းခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့(ဧပြီ ၁၇ ရက်)၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် အမိန့်ထုတ်ပြန်သည်။




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကာင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း နစက၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားသည်။

Post a Comment

Previous Post Next Post