မှတ်ချက်(အမည်ဖော်ပြခြင်းမပြုရ)

Views


၁၉၈၈ တုန်းကဖြစ်ခဲ့တဲ့ ABSDF ကျောင်းသားအဖွဲ့တွေရဲ့ အဖြစ်ထက် အခုပဒက်တွေနဲ့ အဖြစ်က ပိုဆိုးနေတာကိုလေ့လာမိတဲ့အတွက် ရေးမိပါတယ်။

-

၂၀၂၁ မှာ မဲမသမာမှုဖြစ်စဉ်ကြောင့် တပ်မတော်မှအာဏာထိမ်းခဲ့တယ်.. အဲ့ဒီနောက်ပိုင်းမှာ နိုင်ငံမှာရှိတဲ့ ဆယ်လီအနုပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ မြှောက်ပင့်လှုံ့ဆော်မှုတွေကြောင့် လူငယ်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF အမည်ခံပြီး လက်နက်ကိုင်လမ်းစဉ်ကိုလိုက်ခဲ့ကြတယ်။

-

အခုနောက်ပိုင်း ၁၀၂၇ အမည်တပ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို ထိကပါးရိကပါး လုပ်တဲ့ စစ်ဆင်ရေးနယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များ ရခိုင်ပြည်နယ်ဖြစ်စဉ်များ မြစ်ကြီးနား ဖြစ်စဉ်များနှင့် ကရင်ပြည်နယ်ဖြစ်စဉ်များမှာ သောင်းကျန်းသူ EAOs အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အဖျက်အမှောက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိတာကို အားလုံးပဲ သိမြင်ကြရမှာပါ။

-

အဲ့ဒီလိုEAOs တွေနဲ့ တိုက်ပွဲစဉ်တွေမှာကြည့်လိုက်ရင် ပဒက်တွေဟာ တိုက်ပွဲစဉ်တလျှောက်လုံး အရှေ့ဆုံး ကနေ စတေးခံလူသားတံတိုင်းအနေနဲ့ ပါဝင်ခဲ့ကြရတာကိုတွေ့ရှိရပါတယ်။ EAOs တွေအနေနဲ့ သူတို့ အဖွဲ့အစည်းကလူတွေကို နောက်ကတက်ခိုင်းပြီး ရှေ့ဆုံးမှာပဒက်တွေကို ထိုးကျွေးနေကြတယ်.. ကျဆုံးသွားခဲ့ရင်လည်း သူတို့ရဲ့ သတင်းထုတ်ပြန်ရေးကြေးနန်းစာတွေမှာ မှတ်ချက် (အမည်ဖော်ပြခြင်းမပြုရ) ဆိုတာနဲ့ ထုတ်ပြန်လေ့ရှိတယ်.. ဥပမာအားဖြင့် ..... ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် ကျဆုံးသွားသော ရဲဘော်ကျီးကန်း(အမည်ဖော်ပြခြင်းမပြုရ) ၊ နောင်ချိုမြို့နယ်.... တွင်ကျဆုံးသွားသော ရဲဘော်ကြယ်နီ (အမည်ဖော်ပြခြင်းမပြုရ) စသည်ဖြင့် မထင်မရှားပျောက်ကွယ်သွားကြတာကိုသိရှိရပါတယ်။

- ဆိုတော့ ABSDF ထဲကနေ သူတို့ရဲ့လမ်းစဉ်ကိုမကြိုက်လို့ အလင်းပြန်ဝင်လာခဲ့ကြတဲ့ နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ထူးအိမ်သင်၊ မွန်းအောင်တို့ကိုပဲကြည့်လိုက်ပါ.. မှန်ကန်တဲ့လမ်းကြောင်းကို ပြန်ရွေးချယ်ခဲ့ကြတာပါပဲ။ ဒီတော့ လူငယ်တွေအနေနဲ့ကရွေးချယ်ရမယ့်လမ်းကို သေချာရွေးချယ်ကြဖို့တော့ လိုလာတဲ့အချိန်ရောက်ပါပြီ။ ရေပေါ်အရုပ်ရေး မိုတီအတုတွေနဲ့ ယှဉ်ပြီးဆက်မမိုက်ကြဖို့လိုပါတယ်။

Post a Comment

Previous Post Next Post