နှစ်လနဲ့ နှစ်ပတ်နီးပါးကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသော်လည်း ဆင်ဘို ခလရ (၁၄၁) ပြင်းပြင်းထန်ထန် ပြန်ခုခံ

Views


ကချင်ပြည်နယ်၊ ဆင်ဘိုမြို့ အခြေစိုက်တပ်ရင်းကို ကချင်လက်နက်ကိုင်တပ် KIA နဲ့ PDF ပူးပေါင်းအဖွဲ့ များက နှစ်လနဲ့ နှစ်ပတ်ကြာပိတ်ဆို့ထားကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေပေမယ့် ဆင်ဘိုတပ်က အပြင်းအထန် ပြန်ခုခံနေ။

-

ဆင်ဘိုမြို့အခြေစိုက်တပ်ရင်းကို KIA ပူးပေါင်းအဖွဲ့က နှစ်လကျော်ကြာပိတ်ဆို့တိုက်ခိုက်နေပြီး ဖိအားပေးပေမယ့် ပြင်းပြင်းထန်ထန် ပြန်လည်ခုခံနေတာကြောင့် ဧပြီ ၂၆ ရက်နေ့မှာ အပြီးသတ်သိမ်းယူဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်။

-

လက်နက်ကြီး/ငယ်၊ Sniper ၊ Drone အများအပြားဖြင့် ၂၆ ရက်နေ့မနက်ပိုင်းက ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ရင်းဟာ လေကြောင်းပစ်ကူယူ၍ အပြင်းအထန်ပြန်လည်ခုခံနေတယ်လို့ သိရ။ လက်တစ်ကမ်းတိုက်ပွဲ များဖြစ်ပွားခဲ့သော်လည်း KIA အဖွဲ့အနေဖြင့် တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံးများလို့ ညနေပိုင်းမှာ တိုက်စစ်အဟုတ်တန့်သွားခဲ့ရ။

-

ဧပြီ ၂၇ ရက် (ဒီနေ့) မနက်ပိုင်းမှာတော့ KIA အဖွဲ့တွေဟာ ပြုန်းတီးအင်အားများနေရာတွင် အင်အား ထပ်မံဖြည့်ပြီး အလုံးအရင်းဖြင့် တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်နေကြောင်းသိရ။

-

မြန်မာ့တပ်မတော်သားများ အောင်မြင်ပါစေ။ လေးစားပါတယ် ဆင်ဘို ။။။

#KT

Post a Comment

Previous Post Next Post