သန္ဓေမမှန်တဲ့ တော်လံရီး

Views


တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာလုပ်နေကြတာ။

-

အဲဒီခေါင်းစဉ်အောက်မှာ ဒလန်ဆိုတဲ့ ခေါင်းစဉ်အသေးခွဲပြီး အပြစ်မဲ့လူတွေကို လိုက် “သ”နေတာ ဒီတော်လှန်ရေးက သန္ဓေမှန်တဲ့ တော်လှန်ရေးဖြစ်နိုင်ပါ့မလား။

-

တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး ပြည်သူ့မြို့ရွာတွေကို မီးရှို့ဖျက်ဆီးနေတာတွေရော ဘယ်သူတွေ တာဝန်ယူ တာဝန်ခံမှာလဲ။ ခေါင်းမပါတဲ့ ခန္ဓာကိုယ်လိုပဲ။ ခန္ဓကိုယ်အစိတ်အပိုင်းမှန်သမျှက မသေခင်မှာ လှုပ်ရှားရုန်းကန်နေတဲ့ ပုံစံ ဖြစ်နေတာ။ ခေါင်းမပါတာကြောင့်လည်း မကြာခင်မှာ ကျန်တဲ့ အစိတ်အပိုင်းတွေ သေဆုံးပျက်ဆီးသွားရတော့မှာပဲ။

-

ကော့ကရိတ်မြို့ကြီးကတော့ ဘယ်လောက်ပျက်စီးသွားပြီလဲဆိုတာ ဒေသခံတွေကို သာမေးကြည့်လိုက် ကြပါ။ သေချာတာတစ်ခုကတော့ အကြမ်းဖက်ရှိရာ နေရာတွေကတော့ ပျက်စီးဆုံးရှုံးမှုတွေကို မလွှဲဧကန်မုချ ခံစားရမှာပဲ။

-

တိုင်းပြည်တည်ငြိမ်သွားပြီးရင်တောင် ပျက်စီးသွားတဲ့ ဒေသတွေက တိုက်ပွဲတွေရဲ့ အကျိုးဆက်တွေကို နောင်နှစ်ပေါင်း ဘယ်လောက်ဆက်ခံစားကြရမှာလဲဆိုတာ သိဖို့လိုတယ်။ ဒီတော်လှန်ရေး အောင်မယ်လို့ ထင်ခဲ့ရင်တော့ နောက်ထပ်မြို့ရွာပေါင်း ဘယ်လောက် ပျက်စီးဦးမလဲဆိုတာ စောင့်ကြည့်ကြပေါ့။



(ဖိုးစီ)

Post a Comment

Previous Post Next Post