သစ်ပင်စိုက်ကြစို့

Views


ကိုယ်တွေ အငယ်တန်းဘဝက ကျောင်းစိမ်းလန်းစိုပြေရေးဆိုပြီး အိမ်က ပေါက်လက်စ အပင်ငယ်တွေ တစ်ယောက် ၃ ပင်နှုန်းစီမံချက်နဲ့ ကျောင်းကိုသယ်လာပြီး စိုက်ခဲ့ရဖူးတယ်။ အများစုကတော့ သရက်ပေါက်စနဲ့ မန်ကျည်းပင်လေးတွေပါပဲ။

-----

သစ်ပင်လေးတွေမှာ နာမည်ကပ်ပြားထိုးပြီး တကယ်လည်းစိုက်ရသလို ကျောင်းအတန်းပိုချိန်တွေမှာ ရေလောင်းပေါင်းသင်တာတွေ လုပ်ခဲ့ရလို့ စိုက်သမျှ အပင်တိုင်းနီးပါးလည်း ရှင်သန်ခဲ့တာ တွေ့ရတယ်။
-
လက်ရှိခေတ်အခြေအနေအရတော့ ထန်းပင်တွေလည်း အမြစ်ကအစ အတူးခံရသလို ထနောင်းခေါက်တွေလည်း ဝယ်သူရှိနေတဲ့ကာလမှာ အညာဟာ ဘယ်လောက်ခံနိုင်ရည်ဆက်ရှိဦးမှာလဲ ဆိုပြီး မေးစရာရှိလာတယ်။ ပိုဆိုးတာက ‌ပြည့်ဖြိုးမြဲ မဟုတ်တဲ့ ခုတ်ယူခြင်းနဲ့ မညီမျှတဲ့ သစ်တောတွေဟာ စနစ်တကျ ပြန်စိုက်ဖို့ လိုအပ်သလောက် အပြုအစု၊ အယုအယ မခံရတာ တွေ့ရတယ်။
-
ပုံမှန်ပူနေကြနွေမှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကို ကမ္ဘာ့စံချိန်တင်လည်း ရင်ဆိုင်နေရတုန်းဖြစ်တယ်။
-
နောင်လတွေဟာ မိုးတွင်းကာလ ရောက်တော့မှာမို့ ဝန်ကြီးဌာနတွေဟာ စီမံချက်နဲ့ သစ်ပင်တွေလည်း စိုက်ကြဦးမယ်။ တစ်ခုပါပဲ။ အသစ်စိုက်ပျိုးတဲ့ နေရာတွေဟာ မနှစ်ကနေရာ မဖြစ်ဖို့ပဲ မျှော်လင့်မိပါတယ်။



(နရီမိုး)

Post a Comment

Previous Post Next Post