Views
လယ်သမားကြီးက မြို့မှာကျောင်းတက်နေတဲ့
သူ့သမီးအတွက် အချိန်မီငွေပို့နိုင်အောင်
အလုပ်တွေ အရမ်းလုပ်တော့ နေပူထဲမှာ shock
ဖြစ်ပြီးသေတာ၊ လာထူမယ့် မိသားစု
ဆွေမျိုးတောင်မရှိပါဘူးတဲ့။
-
သားသမီး မလိမ္မာရင် မိဘတွေ သေတဲ့အထိ
ဒုက္ခမျိုးစုံရောက်ရတယ်တဲ့။
-
ကိုယ့်ဟာကို အားယားပြီးမွေးခဲ့တယ်မဟုတ်လား
ဘယ်သူကမွေးခိုင်းလို့လဲဆိုတဲ့
ကျေးဇူးနားမလည်တဲ့စကားတွေတော့
ခပ်လွယ်လွယ်မပြောပါနဲ့ ။
-
တကယ်တော့ သားသမီးတွေရဲ့ ကျောင်းစားရိတ်၊
မုန့်ဖိုး၊ အဝတ်အစား၊ တင်မက ခြင်ယင်မှဲ့တစ်ပေါက် မစွန်းစေရ၊ ကြိုက်နှစ်သက်ရာဟင်းနဲ့
ထမင်းမကျွေးမနေရ၊
ဖျားနာလာရင် ဆေးကုသပေးပြီး ပြုစုရမယ်လို့
ဘယ်တိုင်းပြည် ဘယ်ဥပဒေပုဒ်မမှာမှ
ပြဌာန်းမထားဘူးနော်။
-
ချစ်ခြင်း မေတ္တာတွေနဲ့သာ လုပ်ပေးနေတာပါ။
ဒီလို မေတ္တာမျိုးကို
ဘယ်သူဆီကမှ မျှော်လင့်မနေနဲ့။
တန်ဖိုးဖြတ်လို့မရတဲ့ ချစ်ခြင်းတွေကို မိဘကလွဲလို့
ဘယ်သူမှ ပေးမှာမဟုတ်ဘူး။
-
မိဘတွေဖြစ်ချင်တာ ကိုယ့်သားသမီးတွေ
လောကအလယ်မှာ အများနဲ့ ရင်ဘောင်တန်းပြီး
ဖြတ်ကျော်နိင်စွမ်းရှိဖို့ ဆန္ဒလေး တစ်ခုပါပဲ။
-
ဒါလေးတစ်ခုတောင် ဖြည့်ဆည်းပေးဖို့
ဆန္ဒမရှိတဲ့ သားသမီးပေါင်း မြောက်များစွာ...
-
မိဘကျေးဇူး သိတတ်သော သားသမီးရတနာများ ဖြစ်ကြပါစေ...
Photo 💳
CREDIT.
Tags:
Daily News