သူပုန်ဆိုသည်မှာ ဘယ်တော့မှ ကောင်းကျိုးမပေး

Views


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မုန်ယာကျေးရွာနဲ့ နောင်ခမ်းကျေးရွာကြားရှိ ဒေသခံပြည်သူများ သောက်သုံးရေအတွက်ရော၊ လယ်ယာလုပ်ငန်းအတွက်ရော အသုံးပြုနေတဲ့ နမ့်ဆေးချောင်းကို ပြည်သူတွေ သဘောမတူတဲ့ကြားကနေ MNDAA အကြမ်းဖက်အဖွဲ့မှ သူတို့ကိုယ်ကျိုးအတွက် ရွှေတူးဖော်မှုပြုလုပ်လာတာကြောင့် ယနေ့ မနက်ပိုင်းမှာ ဒေသခံပြည်သူများက MNDAA ကို ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်...

-

အခုလိုမျိုး ဆန္ဒပြကန့်ကွက်တာတွေ မလုပ်ခင် ရှေ့ရက်တွေက ရွှေတူးဖို့စောင့်နေတဲ့ MNDAA အဖွဲ့တွေက ချောင်းအနီးရှိ လယ်ပိုင်ရှင်များကို ခြိမ်းခြောက်တာတွေ၊ လယ်ရောင်းပေးရန် အတင်းအဓမ္မ တိုက်တွန်းတာတွေပြုလုပ်ခဲ့တဲ့အပြင် လာရောက်နှောင့်ယှက်တဲ့ဒေသခံတွေကို လက်နက်ကြီး/ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေအထိ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ် …

-

သူပုန်ဆိုတာ ဒီလိုပဲ။။။

Post a Comment

Previous Post Next Post