ပြင်းအား ၇.၂ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခု ထိုင်ဝမ်အနီး လှုပ်ခတ်

Views


ဒီနေ့ (ဧပြီ ၃) မနက်ပိုင်းက ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန်အနီး ပြင်းအား ၇.၂ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို ထိုင်ဝမ် ဗဟိုမိုးလေဝသဋ္ဌာနက ထုတ်ပြန်ပါတယ်။

-

အားပြင်းငလျင်ကြောင့် မြိုတော်တိုင်ပေ နေရာများစွာမှာ ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို သိရပါတယ်။ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲရဲ့အဆိုအရ ထိုင်ဝမ်ရဲ့ ဟွာလီယန်မြိုတောင်ဘက် ၁၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး အနက် ၃၄.၈ ကီလိုမီတာခန့်ကနေ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

-

ဒီငလျင်ကြောင့် ဂျပန်နိုင်ငံမှာ ဆူနာမီလှိင်းသတိပေးချက် ထုတ်ပြန်ခဲ့ရပြီး အိုကီနာဝါကျွန်းရဲ့ တောင်ပိုင်းစီရင်စုအနီး ကမ်းရိုးတန်းဧရိယာမှာ နေထိုင်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို အကြံပြုချက်ထုတ်ပြန်ခဲ့တယ်လိုလည်း သိရပါတယ်။

Post a Comment

Previous Post Next Post