ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို ဘာလို့နေရာပြောင်းထားသလဲ

Views


နစက အစိုးရအနေနဲ့ ရာသီဥတုအလွန်ပူပြင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သူတို့ရဲ့ ကျန်းမာရေးအခြေအနေအရ အကျဉ်းထောင်ထဲမှာ မထားတော့ဘဲ လုံခြုံရေးအကာအကွယ်ရှိတဲ့ နေရာအောက်မှာ ပြောင်းရွှေ့စောင့်ရှောက်ထားတာနဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ပြောဆိုတာတွေ ကြားနေရတယ်။

-

အမှန်က နစက အစိုးရအနေနဲ့ ယခင်က ဘာမှမပြောခဲ့ဘဲ အခုမှသာ သတင်းထုတ်ပြန်တာပါ။ တကယ်က ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ပထမပတ်ကစပြီး နေပြည်တော်အကျဉ်းထောင်ကနေ သက်တောင့် သက်သာရှိပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုကို ပြောင်းရွှေ့စောင့်ရှောက်ထားတာလို့ သိရပါတယ်။

-

ဒါ့အပြင် ဦးဝင်းမြင့်ကိုလည်း မတ်လ တတိယပတ်ကစပြီး တောင်ငူ အကျဉ်းထောင်ကနေ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ပြောင်းရွှေ့စောင့်ရှောက်ထားတာလို့ သိရပါတယ်။ 

-

ဒီတော့ ပြောချင်တာက ပြင်ပဖိအားတွေကြောင့်မဟုတ်ဘဲ အယ်နီညိုကျရောက်နေတဲ့နှစ်ဖြစ်တဲ့အတွက် ပူပြင်းတဲ့ ရာသီဥတုဖြစ်တာကြောင့် လူကြီးအနေနဲ့ ကြိုတင်တွက်ဆပြီး စေတနာနဲ့ သူတို့ရဲ့ ကျန်းမာရေးကို ထောက်ရှုပြီး လူသားချင်းစာနာထောက်ထားစွာဖြင့် သက်သောင့်သက်သာရှိပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ကြိုတင်ပြောင်းရွှေ့ စောင့်ရှောက်ထားတာလို့ ယူဆရပါတယ်။

Post a Comment

Previous Post Next Post