ပလဖ(အကြမ်းဖက်)အဖွဲ့ဝင်များ မူးယစ်ရမ်းကားမှုကြောင့် ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

Views


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အကြမ်းဖက်အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူနယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက် ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့သည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

-

၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖများသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG စာသင်ကျောင်းအတွင်း ဝင်ရောက်ကာ သောက်စားမူးယစ်ကာ ရမ်းကားနေသည့်အတွက် ကျေးရွာ တာဝန်ခံ ပအဖ၊ ပကဖ များညှိနှိုင်းနေစဉ်အတွင်း ပလဖ အဖွဲ့ဝင်များက လက်နက်အင်အား လူအင်အားဖြင့် ပဖက အဖွဲ့ဝင်များကိုပါ ရိုက်နှက်ကြောင်း၊ သွေးလန့်ကာ ကိုယ်ဝန် (၄) လရှိ စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမ တဦး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို NUG ကိုလည်း တိုင်ကြားစာပို့ထားကြောင်း သိရသည်။

-

မှတ်ချက်။ (သူပုန်အားပေးခြင်းရဲ့ အပြစ်)

Post a Comment

Previous Post Next Post