လုံခြုံရေးအမြင်

Views


ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် တပ်မတော်အတွင်း ဝင်လာသောကြတဲ့ မျိုးချစ်လူငယ်တွေကို ကြည့်ပြီး အတွေးတစ်စဝင်ရောက်လာမိတယ်။ အရပ်သားစစ်စစ်ကနေ တိုင်းပြည်ကိုချစ်သည့်စိတ်တစ်ခု တည်းဖြင့် အတိုက်အခိုက်တွေကြားထဲက ဝင်ရောက်လာသော လူငယ်များ​၏စိတ်ဓါတ်အား လေးစားမိပါတယ်။

-

ယခုအချိန်သည် တပ်မတော်မှ ဘက်ပေါင်းစုံ တာဝန်ယူမှု တာဝန်ခံမှုနှင့်အတူ နိုင်ငံတော်​၏တာဝန်အား ထမ်းဆောင်နေရချိန်တွင် အခြားအဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကြိုးပမ်း ထမ်းဆောင်ကြမယ်ဆိုရင် တိုင်းပြည်အနေနဲ့ အချိန်တိုအတွင်း ပြန်လည်အေးချမ်းလာမှာပါ။

-

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသဘက်မှာ အကြမ်းဖက်တွေနဲ့ရင်ဆိုင်ပြီး ပြည်သူ့လုံခြုံရေးကိစ္စတွေ ဆောင်ရွက်နေချိန် မြို့ကြီးများရဲ့ နေရာအချို့တွေမှာ အကြမ်းဖက်အဖွဲ့များက အာရုံပြောင်း ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်လာတာ တွေ့ရပါတယ်။

-

ထိုတိုက်ခိုက်မှုအများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အပြစ်မဲ့ပြည်သူတွေကို ဒလံဟုစွတ်စွဲပြီး တိုက်ခိုက်ခြင်းမျိုးတွေ အများဆုံးပြုလုပ်နေကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ယခုထက်ပိုပြီး ကြိုးစားဆောင်ရွက်နိုင်မှသာ တော်ကာကျပါလိမ့်မယ်။ လှေကြီးထိုး ရိုးရိုးလုပ်နေရင် အဖျက်သမားတွေ ပိုပြီး အတင့်ရဲလာနိုင်ပါတယ်။

-

ယခုအချိန်အခါဟာ အဖျက်သမားတွေကို နေစရာမရှိအောင် လှည်းနေလှေအောင်း .. မြင်းဇောင်းမကျန် ဖော်ထုတ်ဖမ်းဆီးရမယ့် အချိန်ပါ။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မိမိတို့အဖွဲ့နဲ့ဆိုင် တပ်/ရဲအလုပ်လို့ သဘောမထားကြပါနဲ့။ အဖွဲ့ပေါင်းစုံက လုံခြုံရေးအမြင်နဲ့ကြည့်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုပါတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

(ကေတီ)

Post a Comment

Previous Post Next Post