AA သူပုန်ဘာငြင်းဦးမလဲ?

Views


(Ro Nay San Lwin ရေးသားမှု)

မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက မွတ်ဆလင်ရွာသား ၅ ယောက်ကို ဧပြီလ (၁၇) ရက်နေ့မှာ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တယ်။ ဧပြီလ (၂၂) ရက်နေ့မှာ အဲဒီလူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့တယ်။

-

ဒီလူတွေကို AA က ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ရုပ်အလောင်းတွေကို ရွာသားတွေတွေ့ပေမယ့် သယ်ယူခွင့် မပေးလို့ သဂြိုဟ်ခွင့်လည်း မရခဲ့ဘူး။ ဒါကို AA က သူတို့နဲ့ မပတ်သက်ကြောင်း၊ သူတို့သတ်ဖြတ်တာ မဟုတ်ကြောင်း ငြင်းခဲ့တယ်။

-

အဲဒီမွတ်ဆလင်ရွာသား ၅ ယောက်ကို ဖမ်းဆီးတဲ့အချိန်မှာ မျက်စိနဲ့ မြင်တဲ့သက်သေတွေက ဖမ်းဆီးတဲ့ အချိန်မှာ တပ်ဖွဲ့ဝင်ဘယ်နှစ်ဦးက ဘယ်လိုတွေပြောပြီး ဖမ်းဆီးခဲ့သလဲ၊ ဘယ်နေရာမှာ ဖမ်းတာလဲ ဆိုတာ ကျွန်တော့်ကို တိုက်ရိုက် ပြန်ပြောပြပါတယ်။

-

ကျွန်တော်က ကြားစကားနဲ့ အလုပ်မလုပ်ဘူး။ မျက်မြင်သက်သေ (သို့မဟုတ်) ကိုယ်တိုင်ကြုံတွေ့ခဲ့ ရသူတွေနဲ့ စကားပြောပြီး၊ လိုအပ်ရင် ထပ်စုံစမ်းမှုတွေ လုပ်ပြီးမှ public မှာပြောလေ့ရှိတယ်။ အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်တာက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post