Views
ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာအနီးရှိ တပ်မတော်စခန်းအား KIA/PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များမှ ၂၆-၂-၂၀၂၄ ရက်မှစတင်ပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ အရာရှိ/စစ်သည်များ၏ ရဲစွမ်းသတ္တိရှိမှု၊ ခံစစ်နည်းဗျူဟာအတိုင်း လက်တွေ့ကျကျ ပြန်လည်တိုက်ခိုက် နိုင်မှုများကြောင့် KIA/PDF များအနေဖြင့် အကြိမ်ကြိမ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး စိတ်ဓါတ်များကျဆင်း လျက်ရှိကြောင်း နယ်မြေခံများထံမှ သိရှိရ။
-
၃-၃-၂၀၂၄ ရက်ထိ KIA/PDF များအနေဖြင့် အကြိမ်ကြိမ်စုဖွဲ့၍ လာရောက်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာ ဖြစ်ပေါ်လျက်ရှိသောကြောင့် စိတ်ဓါတ်ကျဆင်းလျက်ရှိသည်ကို KIA အရာရှိများမှ အတင်းအဓမ္မတိုက်ခိုက်ရန်စေခိုင်းမှုများအပြင် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်စီးခြင်း များကိုပါ ဆောင်ရွက်ခိုင်းသောကြောင့် မီးရှို့နေကြောင်း သိရှိရ။