ပင်လည်ဘူးမြို့ကို SNA ထိန်းချုပ်

Views


ရှမ်းနီအမျိုးသားများတပ်(SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် SNA က ပင်လည်ဘူးမြို့ ထိန်းချုပ်နိုင်ရေး ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထိုးစစ် စတင်ခဲ့ကြောင်း သိရသည်။

-

SNA တပ်မဟာ ၆၁၄ ၏ အင်အား ရာချီပါသည့် သိုဟန်ဘွားစစ်ကြောင်းသည် ပင်လည်ဘူးမြို့ထဲသို့ ဝင်ရောက် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း SNA မှ အရာရှိတစ်ဦးက ပြောသည်။

-

၎င်းက

“ SNA ၆၁၄ သိုဟန်ဘွားစစ်ကြောင်း အင်အားရာချီနဲ့ ပင်လည်ဘူးမြို့ထဲ ထိုးစစ်စနေပါပြီ .. အခု မြို့ထဲမှာ ရောက်သွားလို့ လုံခြုံရေးယူပေးထားပါပြီ။ ကျန်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ် နေပါတယ်။ ပင်လည်ဘူးမြို့ထဲမရောက်ခင် လမ်းမှာတော့ KIA-PDF တွေနဲ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်တယ်”ဟု ပြောသည်။

-

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်သို၊ ကောလင်း၊ တမူး၊ မော်လိုက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ အင်းတော်နှင့် ကချင်ပြည်နယ် အတွင်းက မိုးညှင်၊ မိုးကောင်း၊ ကားမိုင်း၊ အင်းတော်ကြီး၊ သံလမ်းရိုးတစ်လျှောက် လှုပ်ရှားလျက်ရှိသည်။

-

အဆိုပါ နယ်မြေများအတွင်း ကချင်လွတ်လပ်ရေးတပ်(KIA)၊ PDF၊ ကူးကီ အမျိုးသားများတပ်(KNA/KNO)တို့ လှုပ်ရှားလာခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ကာ နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေ သည်။

-

ထို့နောက် SNA က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု ကာကွယ် ရေးအတွက် ဆောင်ရွက်နေသည်။ ထိုသို့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် KIA၊ PDF၊ KNA တပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။



CNI News

Post a Comment

Previous Post Next Post