တော်တော်ယုတ်မာတဲ့ PDF

Views


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကမ္ဘောဇဘဏ် (၂) အနီး တွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့်ဗုံး ပေါက်ကွဲမှုကြောင့် (၅) နှစ်အရွယ် ကလေးအပါအဝင် သားအဖ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

-

မတ်လ (၁၈) ရက် နံနက်ပိုင်းက ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တံတားတွင် PDF အဖွဲ့ဝင်များ ထောင်ထား သည့်ဗုံး ပေါက်ကွဲခဲ့ပြီး အနားရှိ ဒေသခံ (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

-

ယင်းဒဏ်ရာရရှိသူများအနက် ကြို့သုံးပင်ရပ်ကွက်နေ မောင် David Thang Sian Vaan အသက် (၅)နှစ်နှင့် ၎င်း၏ ဖခင်ဖြစ်သူ သုံးဘီးဆိုင်ကယ်(ဆိုက်တွဲ) ယာဉ်မောင်း ဦး Pa Thang Suan Pau တို့နှစ်ဦး သေဆုံးသွား ကြောင်း သိရသည်။

-

အဆိုပါ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သူများ ကလေးပြည်သူ့ဆေးရုံတွင် ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေေ ကြာင်း လူမူကူညီရေးအသင်းများထံမှ သိရသည်။



#Newvisionmedia

Post a Comment

Previous Post Next Post