NUG အဖွဲ့ဝင် လက်နက်မှောင်ခို ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

Views


မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် NUG အဖွဲ့ဝင် လက်နက်မှောင်ခို ၂ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ထိုင်း-မြန်မာ နယ်စပ်တွင် ခိုအောင်းနေသော NUG အဖွဲ့ဝင် NLD လွတ်တော်အမတ်ဟောင်းများ၏ တာဝန်ပေးချက်အရ မဲဆောက်မြို့တွင် ဒရုန်းနှင့် လက်နက်ငယ်များ၊ ခဲယမ်းများ ဝယ်ယူရန် ထိုင်းဘတ်ငွေ ၁ သန်း (မြန်မာငွေ သိန်း ၁၁၀၀ ခန့်) နှင့်အတူ ထိုင်းနိုင်ငံထဲမှာ ရှိနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

-

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီရဲ့ ပူးပေါင်းဆောင်ရွက်ချက်အရ သတင်းကြိုတင်ရရှိပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များရဲ့ စီနင်းရှာဖွေ ဖမ်းဆီးမှုအရ အခုလို တရားမဝင်လက်နက်မှောင်ခို လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိပါတယ်။

1 Comments

  1. ဘန်ကောက် မဟာချိုင် ဘက်ကလူတွေကရောမဖမ်းတော့ဘူးလားလို့

    ReplyDelete
Previous Post Next Post