NCA ကို ခုတုံးလုပ်ကြဦးမှာလား?

Views


NCA ထိုးထားတဲ့ ၇ ဖွဲ့ က မတ် ၁၇ ကနေ ၁၉ ရက်နေ့အထိ ၃ ရက်တာကြာမယ့် ဆွေးနွေးပွဲကို ချင်းမိုင်မှာ စတင်ကျင်းပ ပြုလုပ်နေခဲ့ပြီ ဖြစ်တယ်။

-

ကနဦး ကြေညာချက်တွေကို ကြည့်ရင် သတိထားမိတာ ၂ ချက်ပဲရှိပါတယ်။ တချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ သွားမယ်ဆိုတဲ့ ဖက်ဒရယ်ဆိုင်ရာ ယူဆချက်အမြင်ပါ။ သေချာတာကတော့ ဖက်ဒရယ် စကားလုံးအပေါ်မှာ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘုံသဘောတူညီချက်အထိ မရောက် သေးဘူးဆိုတာ မြင်သာပါတယ်။

-

ဒုတိယတချက်ကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့အချက်ပါ။ စိုးရိမ်တာတချက်က NCA ကို ခုတုံးလုပ်ပြီး လက်မှတ်ထိုးထားတဲ့သူတွေကို မြေပေါ်အဖွဲ့အစည်း၊ မထိုးရသေးသူတွေက မြေအောက်အဖွဲ့အစည်း ပုံစံသာ လုပ်ကြရင် .....ပြည်ထောင်စုဟာ လုံးပါး ပါးမယ့်သဘောရှိပါတယ်။ ဒါပေမယ့် ဘယ်လို ဆုံးဖြတ်ချက်တွေ ထပ်ထွက်လာဦးမလဲဆိုတာ စောင့်ကြည့် ရဦးမယ်။



(နရီမိုး)

Post a Comment

Previous Post Next Post