ရထားတစ်စီးအား အကြမ်းဖက် KNU/PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲ

Views


၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက် မနက် ၇ နာရီကျော်တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ သွားရောက်မည့် ကျောက်များတင်ဆောင်လာသည့် တွဲဆိုင်း(၁၄)တွဲပါ မီးရထားသည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ်-၁၂၂/၃ နှင့် ၁၂၃/၁ ကြား၊ ပေါင်းကူး တံတားအရောက်တွင် အကြမ်းဖက် KNU/PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲသဖြင့် တံတားဘယ်ဘက် အောက်ခံအုတ်ခုံဘောင်နှင့်ရထားလမ်း (၂၀)ပေခန့် ပျက်ဆီးခဲ့ပြီး ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ တွဲဆိုင်း(၂)တွဲ လမ်းချော်၍ (၅)တွဲ တိမ်းမှောက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

-

ကျောက်တင်ရထားကို မိုင်းခွဲတာက ကျောက်တွေလိုချင်လို့လား? ..

-

ဘယ်သူ့အတွက်မှ အကျိုးမရှိသည့် မိုင်းထောင်ဖောက်ခွဲခြင်းများအား အားပေးအားမြှောက်ပြုလုပ်နေသူများ သည်လည်း အကြမ်းဖက်များပင်ဖြစ်သည်။

Saw Ba Maung


Post a Comment

Previous Post Next Post