Views
တည်ငြိမ်အေးချမ်းလျက်ရှိသော ပအို့ဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဘန်းယဉ်၊ ဟိုပုံးမြို့နယ်များ အတွင်းသို့ KNDF ပဒေါင်အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိလာပြီး ဒေသခံ PNO အဖွဲ့၊ တပ်မတော် ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် ဒေသခံပအိုဝ်းပြည်သူများ စစ်ဘေးဒဏ် သင့်လျက်ရှိပါတယ်။
-
NCA ကို ချိုးဖောက်ပြီး တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့တဲ့ PNLA အဖွဲ့ဝင်တစ်ချို့ကြောင့် KNDF အဖွဲ့များ ရောက်ရှိလာခြင်းအပေါ် ဒေသခံ ပအိုဝ်း ကျေးရွာများမှ ဆန့်ကျင် ရွံမုန်းလျက်ရှိပါတယ်။
-
မတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီ အချိန်ခန့်မှာ ဘန်းယဉ်မြို့နဲ့ ဘန့်ဗွီး ကျေးရွာအုပ်စု လွယ်မန်ကျေးရွာရှိ စာသင်ကျောင်းတွင် အခြေပြုနေသော KNDF/PNLA အဖွဲ့များ၏ ရိက္ခာများ၊ ဘက်ထရီအိုး၊ ဆိုလာ ပြားများအား ကျေးရွာသားအချို့မှ ခိုးယူ ဖျကိဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
-
PNLA အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးက ရွာသူကြီးအားခေါ်ယူပြီး ခိုးယူဖျက်ဆီးခံရသည့် ပစ္စည်းများ အတွက် အလျော်ပြန်ပေးရမည်ဖြစ်ကြောင်း၊ ပဒေါင်တပ်ဖွဲ့များအတွက် စားနပ်ရိက္ခာကို ကျေးရွာများမှ ပေးရမည်ဖြစ်ကြောင်း၊ သူတို့အခြေချနေထိုင်မှုကို အနှောင့်အယှက်ပေးရင် ရွာကို မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။
-
ဒေသခံရွာသားများအနေဖြင့် စစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှုများမရရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားအောင်လုပ်ဆောင်နေသည့် PNLA အဖွဲ့အပေါ် ထောက်ခံအားပေးမှုများ မပြုလုပ်တော့ကြောင်း သိရှိရပါတယ်။
#တိုက်ပွဲသတင်းစုံ